>to mom – gaw Shail

>

မေမေ သို့
ဂေါ်ရှယ်

မေ ၂၂၊ ၂၀၁၀
သမီး ရယ်မောပျော်ရွင်နေချိန် မေမေ ကြည်နူးနေတတ်တယ်။

သမီး မျက်ရည်များနဲ့  ငိုကြွေးနေရင် မေမေ ဝမ်းနည်း ကြေကွဲနေတတ်တယ်။

အခြေအနေအရပ်ရပ်ကြောင့် ဘဝရပ်တည်မှုအတွက် လျှောက်လှမ်းသွားကြတဲ့အခါ မိဘ မွေးချင်း ညီအစ်ကိုမောင်နှမတွေ တရပ် တနေရာဆီ အသီးသီး ကွဲပြားသွားကြတယ်။
ဖြတ်သန်းလာခဲ့ရတဲ့ နေ့ရက်များစွာတွေထဲမှာ …

          ဝမ်းမြောက်ပျော်ရွင်စွာနဲ့ ကျော်ဖြတ်ခဲ့တဲ့ အဝါရောင်နေ့ရက်တွေ၊

အေးချမ်းမွန်မြတ်တဲ့ ချစ်ချင်းကြင်နာခြင်းနဲ့ ပြည့်ဝတဲ့ အဖြူရောင်နေ့ရက်တွေ၊
အားအင် စွမ်းရည်တွေ မြဲမြံတိုးပွားစေပြီး ယုံကြည်မှုအပြည့်နဲ့ ရဲရဲတောက်လျောက်ခဲ့တဲ့ အနီရောင် နေ့ရက်တွေရယ် …
ပြီးတော့ ငြိမ်းချမ်း မှန်ကန်လတ်ဆတ်စွာ လျှောက်လှမ်းခဲ့တဲ့ အပြာရောင် နေ့ရက်တွေရယ်၊
လျှို့ဝှက်ဆန်းကြယ်ပြီး မပွင့်မလင်းဘဲ သေချာဖော်မပြနိုင်တဲ့ ခရမ်းရောင် နေ့ရက်တွေရယ်၊
မျှမျှတတ တွေးခေါ်ကျင့်သုံးပြီး လျှောက်ခဲ့တဲ့ အစိမ်းရောင် နေ့ရက်တွေရယ်၊
မျက်ရည်မကျဘဲ အတွင်းကြေကြေခဲ့ရတဲ့ နားလည်ရခက်ဆုံး အမည်းရောင် နေ့ရက်တွေ
လျှောက်လာခဲ့ရင်း … “မောပြီ မေမေ” လို့ ညည်းတွားပြီး
လျှောက်လမ်းခဲ့တဲ့ ခရီးတွေကို ပြန်လှည့်ကြည့်မိလိုက်တော့ ဘဝခရီးရဲ့ သုံးချိုး နှစ်ချိုး ချိုးလာခဲ့ပြီပဲ။
အတမ်းတဆုံးက ရင်ခွင်ဟောင်း မေမေပါ။ ဆံဖြူ သွားကျိုးနေပြီဖြစ်တဲ့ မေမေက အရွယ်ရောက်ရုံမက အရွယ်လွန်နေပြီဖြစ်တဲ့ သမီးကို ကလေးလေးလို ချစ်နေဆဲ၊ နွေးထွေးမှု ပေးချင်နေဆဲပါပဲ။
အသေချာဆုံး တခုကတော့ မေမေ သမီးကို သတိရနေမှာ …
တွေ့ချင်နေမှာ …
စိတ်ပူနေမှာ …

ဆုတောင်း ပေးနေမှာ။ ။

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts