>Burmese community volunteer charity to drill water well in Pegu Area

>

ကိုယ်ထူကိုယ်ထ ရေပေးလှူမှုများ ပဲခူး၊ သေနပ်ပင်၊ ဝေါမြို့နယ်များတွက် ဆက်
သတင်းရင်းမြစ် – ဦးအေးမြင့်၊ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၂၁၊ ၂၀၁၀
          လက်ခံရရှိသော သတင်းများအရ ပဲခူးတိုင်းအတွင်းတွင် ပြည်တွင်း ပြည်ပက အလှူရှင်များ၏ ဒါန၊ ဒေသခံပြည်သူတို့၏ ဒါနအင်အား၊ စေတနာအင်အား၊ လုပ်အား အင်အားတို့ဖြင့် ရေအလှူ၊ အဟာရအလှူ၊ ရေတွင်း ရေကန်အလှူများကို ဆောင်ရွက်လျက်ရှိကြသည်ဟု သိရသည်။
          သနပ်ပင်မြို့နယ်၊ ကမာခနိမ်ကျေးရွာတွင် အုတ်ရေတွင်း လှူခြင်း၊ သာကူတိုက်ခြင်း၊ ပရိတ်တရားနာ ရေစက်ချခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုရေတွင်း၏ အဓိကအလှူရှင်မှာ ကိုအောင်နိုင်ဖြစ်သည်။
          ဝေါမြို့နယ်၊ တောင်စွန်းကျေးရွာတွင် လက်ဆွဲရေတွင်း တူးခြင်း၊ သဘော့ကန်ကျေးရွာ၊ နောင်ပတ္တရာကျေးရွာ၊ ဧကရာဇ်ကျေးရွာတို့တွင်း ရေတွင်းများ ဆက်လက်တူးဖော်ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
          ဝေါမြို့နယ် တောင်စွန်းကျေးရွာရှိ စာသင်ကျောင်းများမှာ ထိုင်ခုံများ မလုံလောက်သည့်အပြင် ပျက်စီးနေသည်များလည်း ရှိသဖြင့် စာရေးခုံ အလုံး ၅၀ ကို တလုံးလျင် ကျပ် ၁ သောင်းခွဲနှင့် လှူဒါန်းမှုများ ပြုခဲ့ကြသည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts