>Remembering Thu Maung – Mar Mar Aye

>

သုမောင် ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း
သုမောင်ရဲ့ကဗျာ၊ မာမာအေးထံက ပေးစာ
မေ ၁၈၊ ၂၀၁၀
မိုးမခ …ရေ
သုမောင် ခေါ်တဲ့ ဗလကြီးဆီက နောက်ဆုံးရတဲ့ စာထဲမှာ ပါလာတဲ့ “ကဗျာလေး” ပရိသတ်တို့ ဖတ်နှင့်ရအောင် တင်လိုက်ပါနော်။ ရင်အနွမ်းမှာ အလွမ်းတိုးတော့ လက်လျော့နေလို့ နောက်မှ ရေးမယ်လေ။
စာကြွင်း – သူ့လက်ရေးအတိုင်း သုံးပေးပါရန်။      ။
မာမာအေး
(၂၀၁၀ မေ ၁၇ ရက် ည)
တက်ခေတ် အလှူခံ
သုမောင် (ဇွန် ၁၊ ၂၀၀၈)
ပစ္စည်း ဥစ္စာ စေတနာဖြင့်
‘မေတ္တာ၊ ဂရုဏာ’ ပေးကမ်းပါလည်း
‘ခမျာ’ မသိ၊ လက်ဖြန့်မိ၏။
မချိတင်ကဲ စိတ်နယ်ထဲဝယ်
လှည့်ဝဲငေးမော၊ လွင့်စင်မျောသည်
အဟောဝတ၊ လိုချင်လှဘိ
ဘ၀တဏှာ၊ မဟုတ်ပါချေ
‘စာနာထောက်ထား – မျှတကား။  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts