>NLD headquarter should be restranint from holding political activities and receiving non Burmese guest – Daw Suu told U Nyan Win – sources

>

ဒေါ်အောင်ဆန်းစုကြည်က ပါတီရုံးချုပ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆင်ခြင်ရန် မှာကြားဟုဆို
ဘားမားပါပါရာဇီ
မေ ၁၅၊ ၂၀၁၀
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရွှေဂုံတိုင်ပါတီရုံးချုပ်တွင် နိုင်ငံရေးလှုပ်ရှားမှု အခမ်းအနားများ၊ နိုင်ငံခြားဧည့်သည်တွေ့ဆုံမှုများ ပြုလုပ်ခြင်းကို ဆင်ခြင်ကြရန် ရှေ့နေကြီးနှင့် အင်န်အယ်ဒီ စီအီးစီခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းကို မှာကြားသည်ဟု ဆိုသည်။
စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွင် မှတ်ပုံမတင်သော ပါတီဖြစ်သည့်အတွက် စစ်အစိုးရက အချိန်မရွေး နှောက်ယှက်မှုများ၊ ဖိနှိပ်မှုများ လုပ်လာနိုင်သည့် အလားအလာရှိနိုင်ကြောင်း ရန်ကုန်က စာနယ်ဇင်းအယ်ဒီတာတဦးက မှတ်ချက်ပေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts