>Funeral Service for Than Myint Aung with FFSS volunteers

>

ပန်းချီ သန်းမြင့်အောင် ဈာပန အခမ်းအနား မြင်ကွင်း
ဓာတ်ပုံ – လူမှုစေတနာရှင်များ
မေ ၁၄၊ ၂၀၁၀
ပန်းချီ အနုပညာရှင် ကိုသန်းမြင့်အောင်သည် မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ပါသည်။ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန် ဆေးရုံကြီး အအေးခန်းမှ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပြီး ရေဝေး သုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်ခဲ့ပါသည်။
၎င်းဈာပန အခမ်းအနားသို့ အနုပညာရှင် အသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာများနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေး အသင်းသူ အသင်းသားများ တတ်ရောက်ခဲ့ကြပါသည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ။)
 (ပန်းချီသန်းမြင့်အောင် ပုံတူပန်းချီကားရှေ့က နာရေးကူညီမှုအသင်း၏ စာရေးဆရာမ သန်းမြင့်အောင်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts