ဆောင်းလူ

Saung Luu – Poem

ေ လ လံ ပြဲ 
ဆောင်းလူ
ဇွန် ၁၆၊ ၂၀၁၃
Photo by : Aung Htet
ကမ္ဘာကျော်တွေ …
ပြောင်းရွှေ့ကြေး မတန်တဆနဲ့
ခြေထောက်တွေကို
ရောင်းငှား ၀ယ်ငှားလုပ်ကြတယ် …။
မျက်နှာပွင့်လန်းခြင်းများနဲ့အတူ
လုပ်ချင်မှု စိတ်ကူးတွေ
စီတန်းခြင်းများစွာနဲ့
အနာဂတ်အတွက်
လေလံပစ်ကုန်ကြပြီ …။
ဒီမယ် …
ကျနော့်နှလုံးသားကို လေလံပစ်ပါရစေ …
နှလုံးသားမဲ့နေသူတွေအတွက် …။
ဒီမယ် ..
ကျနော့် သွေးသားကို လေလံပစ်ပါရစေ …
သွေးသားမဲ့နေသူတွေအတွက် …။
ဒီမယ် …
ကျနော့် ရူးသွပ်မှုတွေကို လေလံပစ်ပါရစေ …
မရူးသွပ်ဖူးသူတွေအတွက် …။
ဒီမယ် …
ကျနော့်ရဲ့ နာကျင်မှုတွေကို လေလံပစ်ပါရစေ …
မေ့တတ်လွန်းသူတွေအတွက် …။
ဒီမယ် …
ကျနော့်ရဲ့အတ္တတွေကို လေလံပစ်ပါရစေ …
စစ်နဲ့ ငြိမ်းချမ်းရေးအတွက် …။ 
ဒီမယ် …
ကျနော့် မိုက်မဲမှုအတွက်တော့
စိတ်အဟာရတချို့ ၀ယ်ယူစုဆောင်းဦးမှဖြစ်မယ် …။
လမ်းကြုံရင် 
လမ်းဘေးဆိုင်က ပေါချောင်ကောင်းလေးတခုလောက်
ဝယ်ခဲ့ပေးစမ်းပါဗျာ …
ပစ်စလက်ခတ်နဲ့
မေ့လွယ် ပျောက်လွယ်တဲ့
ကျနော့် စိတ်တွေနေရာမှာ အစားထိုးမှဖြစ်တော့မယ် ..။
မဟုတ်ရင် …
နောက် နှစ် (၆၀) ထပ်ကြာသွားမှာ စိုးရတယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts