>Di Let myo – Ko Nyane Poem

>

ရိုးမကျားတကောင်ပျောက်ဆုံးသွားခြင်း
ဒီလက်မျိုး
မေ ၇၊ ၂၀၁၀
အမဲသားနှပ်နဲ့အရက်ကို ခင်ဗျားကြိုက်ခဲ့တယ်။
စီးကရက်နဲ့အနုပညာကို ခင်ဗျားကြိုက်ခဲ့တယ်။
ပြီးတော့တော်လှန်ရေးနဲ့ ချစ်ခြင်းတရားကိုလည်း
ခင်ဗျားကြိုက်ခဲ့သေးတာပဲ။
လူတွေကအီးမေးလ်ပို့ကြတယ်။
ကဗျာဆရာငြိမ်းလူဆုံးပြီ တဲ့ …
ခင်ဗျားမသေပါဘူးရဲဘော်ငြိမ်း
ရိုးမ၃နဲ့ ချစ်ခြင်းတရားမှာ
ခင်ဗျားနဲ့ ကျနော်ရဲ့ချစ်ခြင်းတရားမှာ
ရဲဘော်ညိုနဲ့ ခင်ဗျားရဲ့ချစ်ခြင်းတရားမှာ
မိုးကျော်နဲ့ ခင်ဗျားရဲ့ချစ်ခြင်းတရားမှာ
မောင်လွမ်းဏီနဲ့ ခင်ဗျားရဲ့ချစ်ခြင်းတရားမှာ
မိသားစုဆိုင်လေးမှာ သောက်ခဲ့တဲ့ ဆမ်ဆောင်းတပြားရဲ့ ချစ်ခြင်းတရားမှာ
ခင်ဗျား ခဏခဏပြောခဲ့တဲ့ ပြန်မရနိုင်တော့တဲ့ချစ်ခြင်းတရားမှာ
ပြီးတော့ …
ခင်ဗျားထွေးထုတ်ပစ်ခဲ့တဲ့ ကွမ်းတံတွေးမှာတောင်
ချစ်ခြင်းတရားက စွန်းပေနေသေးတာပဲ။
ဒါပေမယ့် ရဲဘော်ငြိမ်းရေ
လူတွေက ပြောကြတယ်
ကဗျာဆရာငြိမ်းလူဆုံးပြီတဲ့
ကျနော်မယုံကြည်နိုင်ဘူးကိုငြိမ်း
သေချာတာ တခုကတော့
အခုလောက်ဆို
သိပ် အေးချမ်းသာယာတဲ့နေရာတခုမှာ
ကိုငြိမ်းနဲ့ ဂုရု
စကားတွေ ဖောင်ဖွဲ့နေလောက်ရောပေါ့။
ရဲဘော်ငြိမ်း ကောင်းရာသုဂတိလားပါစေ။
(ကိုငြိမ်းအတွက်အမှတ်တရ – ကဗျာဆရာဒီလက်မျိုး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts