>change of Thein Sein

>

ဗိုလ်ချုပ်ကြီးသိန်းစိန် အဖြစ်မှ ဦးသိန်းစိန်ဘ၀သို့ ပြောင်းပြီ
ဓာတ်ပုံသတင်း
ဧပြီ ၂၈၊ ၂၀၁၀ယနေ့ထုတ် သတင်းစာများတွင် စစ်အစိုးရ ၀န်ကြီးချုပ် အမည်ကို ဦးသိန်းစိန် ဟု ဖော်ပြထားသည်။ ၀န်ကြီးအများအပြား စစ်ရာထူးမှ နှုတ်ထွက်ရသည်ဟူသော သတင်း ထွက်ပေါ်လာပြီး နောက်တနေ့တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုအပြောင်းအလဲနှင့် ပတ်သက်ပြီး NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က RFA သတင်းဌာနကို “နောက်လာမဲ့ အစိုးရဆိုတာလည်း နောက်ဆုံးကျတော့ ငါတို့ပဲကွလို့ ပြောတဲ့ဟာပဲ။ ဘာနဲ့ တူလဲ ဆိုတော့ ဟိုတုန်းက ကျွန်တော်တို့ ပြောလေ့ ပြောထရှိတဲ့ ဘောင်းဘီ ချွတ်ပြီးတော့ တောင်ရှည်ဝတ်တယ် ဆိုတာမျိုးပေါ့ဗျာ၊ ဟုတ်လား၊ အဲ ကက်ဦးထုပ် ဖြုတ်ပြီးတော့ ခေါင်းပေါင်း ဆောင်းတယ် ဆိုတာမျိုးပဲ၊ ဒါပဲ လုပ်တာပဲ။ အဲဒီတော့ အမှန်အတိုင်း ပြောရရင် အဲဒါ ဘာပြလဲ ဆိုတော့ နောက်လာမဲ့ နိုင်ငံရေးမှာ စစ်တပ်ဟာ ဒီ ၂၅ ရာခိုင်နှုန်း ဆိုတာလောက်တင် မကဘူး၊ တဖြစ်လဲတွေကလည်း အများကြီး ရှိဦးမယ်၊ တဖြစ်လဲတွေရဲ့ နိုင်ငံရေးပဲ ဖြစ်မှာပဲ” ဟု ယမန်နေ့က မှတ်ချက်ပေးခဲ့သည်။ စစ်အစိုးရက ဤပြောင်းလဲမှုအကြောင်းကို ရေငုံနေဆဲဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts