>Burmese in Auroa, Colorado gave respect to elderly as Burmese new year tradition

>

ကော်လိုရာဒို အော်ရိုရာမှာ ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ

ကိုဦး

ဧပြီ ၂၄၊ ၂၀၁၀

ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၂၄ ရက် စနေနေ့က ကျင်းပခဲ့ပါတယ်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များအား စုပေါင်းဆွမ်းများဖြင့် ကပ်လှူပူဇော်ခဲ့ကြပြီး အပူဇော်ခံ အဘိုး၊ အဘွားများနှင့် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် လှူဒါန်းတည့်ခင်း ဧည့်ခံခဲ့ကြပါတယ်။
အခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆိုကာ စတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မပါလကျောင်းတိုက် ဆရာတော် အရှင်စန္ဒိမာထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။
အဲဒီနောက် ပူဇော်ခံ အဘိုးအဘွားများအား ပူဇော်ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများ လှူဒါန်းခြင်း၊ အဘိုးအဘွားများက သြဝါဒဆုပေးစကားများ ပြောကြားခဲ့ကြပါတယ်။
ထို့နောက် ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ထေရဝါဒသာသနရက္ခိတအဖွဲ့၏ အဓိဋ္ဌာန်ဖြစ်သော “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts