>Fremont Metta Nanda Thagyan held successfully under heavy rain

>

ဖရီးမောင့် မေတ္တာနန္ဒ၀ိဟာရ နိဗ္ဗာန်ဈေးနဲ့ သင်္ကြန်ပွဲတော် မိုးထဲလေထဲ အောင်မြင်စွာ ဆင်နွဲ
မိုးမခအထောက်တော် ၀၀၂
ဧပြီ ၁၂၊ ၂၀၁၀
ယမန်နေ့ နေ့ခင်းက အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးဧရိယာရှိ ဖရီးမောင့်မြို့က မေတ္တာနန္ဒ၀ိဟာရ ဘုန်းတော်ကြီးကျောင်း၏ သင်္ကြန်ပွဲနှင့် နိဗ္ဗာန်ဈေးကို မိုးသည်းထန်စွာ ရွာသွန်းနေ့သည့်ကြားထဲက စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းကျွေးတရားနာခြင်း၊ ဈေးရောင်းပွဲနှင့် ဂီတပဒေသာပွဲကျင်းပခြင်း၊ သံချပ်ပြိုင်ပွဲပြုလုပ်ခြင်းတို့ ကို ဧည့်ပရိသတ် ၅၀၀ ကျော် တက်ရောက် အားပေးကြသည်။
ကြွရောက်လာသည့် ဧည့်ပရိသတ်များကို အကြောင်းပြုပြီး ဆန်ဖရန်ဘေးဧရိယာ၏ ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးမိတ်ဆွေများက ပဏာမအဆင့် ရွေးချယ်ထားသည့် လူမှုလုပ်ငန်း စေတနာဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး စာရင်းမှ ပရိသတ် ဆန္ဒအရှိဆုံး ၅ ဦးကို လိုက်လံ မဲပေးခိုင်းသည်ကိုလည်း တွေ့ရသည်။ စိတ်ဝင်တစား မဲဆန္ဒပေးသူ ဦးရေ ၇၀ ခန့်မှ မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ ဆန်ဖရန်ဘေးဧရိယာက – ကျော်သူ၊ ဇာဂနာ၊ ဖြူဖြူသင်း၊ ဦးဉာဏိသရ (သီတဂူဆရာတော်) နှင့် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တို့ကို အများဆုံး ရွေးချယ်ကြောင်း တွေ့ရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts