>burmese news journal welcomes SPDC’s election law

>

လျှပ်တစ်ပြက်ဂျာနယ်က ရွေးကောက်ပွဲ ဥပဒေကို ကြိုဆို
မိုးမခအထောက်တော် အမှတ် ၀၀၆
ဧပြီ ၉၊ ၂၀၁၀ဧပြီ ၂ ရက်နေ့ထုတ် လျှပ်တစ်ပြက်တွင် တွေ့ရသည့် ကြော်ငြာ


နာမည်ကျော် လျှပ်တစ်ပြက် ဂျာနယ်က “၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ကြိုဆိုသောအားဖြင့်” လအတန်ကြာ စီစဉ်နေသည့် သတင်းဂျာနယ်အသစ်တစောင်ကို မေလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေတော့မည် ဖြစ်သည်။

ဂျာနယ်ကို စောင့်ကြည့်သူဟု အဓိပ္ပာယ်ရသည့် “MONITOR” ဟု အမည်ပေးထားသည်။ ထိုဂျာနယ်သစ် ထုတ်ဝေတော့မည့် အကြောင်းကို လျှပ်တစ်ပြက်ဂျာနယ်တွင် အပတ်စဉ် ကြေညာလျက် ရှိသည်။

“လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် ဂျာနယ်တစ်စောင် လာမည် မကြာပြီ” ဟု ကြော်ငြာထားကြောင်း တွေ့ရသည်။

မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတခြင်း မရှိကြောင်း နိုင်ငံရေးသမား အများအပြားက ပြောနေချိန်တွင် ဂျာနယ်တစောင်က ရုတ်တရက် ထောက်ခံလိုက်ခြင်း ဖြစ်သည်။

တပတ် တကြိမ်ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို http://www.snapshot-news.com/ တွင် ဖတ်ရှုနိုင်သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts