>Ciizen of Burma Award Program posted 2nd Press Release

>

အမေရိကန်ပြည်ရောက် မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် အစီအစဉ်က ဂုဏ်ပြုငွေပမာဏ ကြေငြာ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၃၊ ၂၀၁၀
          ပြည်ပရောက်မြန်မာများစုစည်းပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်းစေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်၏ ဒုတိယအကြိမ်မြောက် သတင်းထုတ်ပြန်ချက်တွင် ဂုဏ်ပြုမည့် ငွေကြေးပမာဏ အကြမ်းသတ်မှတ်ချက်၊ ရန်ပုံငွေ အလှူခံရန် အလှူခံဖြတ်ပိုင်းနှင့် ပို့စကဒ်များ ထုတ်ဝေဖြန့်ချိသည့်အကြောင်းအရာများကို အသိပေးထားသည်ကို တွေ့ရသည်။ အောက်ပါအတိုင်း ဖတ်ရှု့နိုင်သည်။ 
       မနက်ဖြန်တွင် ပြည်သူ့ဂုဏ်ရည်အဖြစ် ချီးမြှင့်ရန် ဆန္ဒပြုခံထားရသည့် အမည်စာရင်းကို လက်ခံရရှိသမျှကို ထုတ်ပြန်ပေးမည်ဟု ဆိုသည်။ http://www.CitizenOfBurma.org တွင် သွားရောက်  ကြည့်ရှုနိုင်မည်ဟု သိရသည်။ ဆန်ကာတင် ၅ ဦး စာရင်းကို ဧပြီလ ၁၀ နှင့် ၁၁ တွင် ရွေးချယ်မည်ဟု ဆိုသည်။ ၎င်း ၅ ဦးကို အင်တာနက်မှတဆင့် မဲအများဆုံး တဦးအဖြစ် ချီးမြှင့်နိုင်ရန် လူအများက ၀ိုင်းဝန်း မဲပေးနိုင်မည့်ရက်မှာ ဧပြီ ၁၂ မှ ၂၁ ရက်အတွင်း သတ်မှတ်ထားသည်။ ဧပြီ ၂၄ တွင် အယ်လ်အေတွင် အခမ်းအနားဖြင့် ဆုကို ကြေငြာမည်ဟု ဆိုသည်။
 ပြည်သူ့ဂုဏ်ရည် အစီအစဉ် – ဂုဏ်ပြုရန် အနိမ့်ဆုံး ဆုချီးမြှင့်နိုင်မည့် ပမာဏ – ဒေါ်လာ ငါးထောင်
စာအမှတ် ၂/ ၂၀၁၀ – နေ့စွဲ ဧပြီ ၂၊ ၂၀၁၀
          မိတ်ဆွေများခင်ဗျား …
            ယခုပူးပေါင်းဆောင်ရွက်ကြမည့် မြို့နယ်များနှင့် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့များ၏ အခြေခံသဘောတူညီချက်အဖြစ် တမြို့လျင် အနည်းဆုံး ဒေါ်လာငွေ ၅၀၀ စီ ထည့်ဝင်ကြရန်နှင့် စုစုပေါင်း အနိမ့်ဆုံး ဆုပမာဏကို အမေရိကန်ဒေါ်လာ ငါးထောင် အဖြစ် အကြမ်းအားဖြင့် သတ်မှတ်ထားပြီ ဖြစ်ပါတယ်။

            လက်ရှိ ပူးပေါင်းကြမည့် မြို့ ၉ မြို့ထံက ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့များအတွက် ရန်ပုံငွေအလှူခံဖြတ်ပိုင်း စာအုပ်များကိုလည်း ပုံနှိပ်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ စာရင်းစစ်များရဲ့ တောင်းဆိုချက်အရ အမည်ဖော်မပြလိုသူ အလှူရှင်များကိုပါ အလှူခံဖြတ်ပိုင်းလက်ခံကို ပေးအပ်ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အလှူရှင်များကလည်း အမှတ်စဉ်နံပါတ်များ ပုံနှိပ်ထားတဲ့ အလှူခံဖြတ်ပိုင်းမူရင်းကို တောင်းဆိုသိမ်းဆည်းကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။ ၀င်ငွေခွန်တွင် အလှူငွေအဖြစ် ပြန်လည် တင်ပြလိုသူများအတွက် 501 C ( 3 ) Tax ID No. ကိုလည်း တောင်းယူမှတ်တမ်းထားနိုင်ပါတယ်။ အွန်လိုင်းက လှူဒါန်းပါဝင်လိုသူများအတွက်လည်း ယခု ဂူးဂဲရဲ့ အလှူခံစနစ်ဖြင့် အလှူငွေကို လက်ခံနေပြီ ဖြစ်ပါတယ်။

            ရန်ပုံငွေ ရှာဖွေရေးအတွက် အထောက်အကူပြု ပို့စကဒ်များကို ဖြန့်ချိမှာ ဖြစ်တဲ့အတွက် ပထမပို့စကဒ်အဖြစ် ပန်းချီကိုမျိုးရဲ့ ဒီဇိုင်းနဲ့ ပို့စကဒ်ကို ပုံနှိပ်ပြီး မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်များထံ ပေးပို့မှာ ဖြစ်ပါတယ်။ မြန်မာရိုးရာ သင်္ကြန်ပွဲများမှာ၊ မိတ်ဆုံပွဲများမှာ အဆိုပါ ပို့စကဒ်များ ဖြန့်ဝေခြင်း၊ ရန်ပုံငွေရရှိအောင် တိုက်တွန်းနိုးဆော်ခြင်းများ ဆောင်ရွက်မှာ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။
            အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901  ကိုဝေလ(နယူးယောက်) 718-505-0080  ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717  ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts