>Live and Let ADie – 2010 Thangyat ready from Burmese AActivists in India

>

သူသေကိုယ်ရှင်တိုက်ပွဲဝင်ဘို့  အိန္ဒိယမှအသင့်ဖြစ်
မိုးမခအထောက်တော် – အိန္ဒိယ
မတ် ၂၈၊ ၂၀၁၀
               လာမည့် မြန်မာ့နှစ်ကူးသင်္ကြန်အမီ ဖြန့်ချိနိုင်ရန် အိန္ဒိရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တဒါဇင်မြောက်ခြေလှမ်းဖြစ်သော “သူသေကိုယ်ရှင်တိုက်ပွဲဝင်” ဟုအမည်ပေးထားသည့် သံချပ်ခွေကို တနင်္ဂနွေနေ့က နယူးဒေလီမြို့၌ စတင်အသံသွင်းယူခဲ့သည်၊၊
       “ပုံမှန်အတိုင်းဆို ခုလိုအချိန် မှာအသံသွင်းလို့ ပြီးပြီ၊ ဒီနှစ်က ပင်တိုင်သံချပ် ရေးတဲ့ ရာမြတ်ထက် ကျန်းမာရေးမကောင်းလို့ မရေးနိုင်တာကြောင့် သံချပ်ရေးဘို့လူရှာရ စာသားတွေရှာရနဲ့  နည်းနည်းနောက်ကျသွားတာ”
ဟု သံချပ်ဝိုင်းတော်သားတဦးကပြောသည်၊၊
“ဒေါက်တာအောင်ကျော်ဦး (သံချပ်ဆရာမြတ်ထက်)ရဲ့ သံချပ်စာသားတွေ ဒီနှစ်မပါနိုင်ပေမဲ့သံချပ်ခွေအတွက် ကြိုရေးးထားတဲ့ သူ့ရဲ့သီချင်း (၄) ပုဒ်တော့သုံးနိုင်ခဲ့ပါတယ်၊ ကောင်းအောင်တော့ အားလုံးက ကျိုးစားကြတာဘဲ ဒီနှစ်တော့အခက်အခဲအများကြီး ရင်ဆိုင်ရတယ် ၊ သံရုံးဆန္ဒပြလို့ ဝိုင်းတော်သားတချို့ ဖမ်းခံရတာကြောင့် သံချပ် တိုက်ချိန် ၅ ရက်ပဲရတယ် သီချင်းအားလုံးသွင်းလို့တောင်မပြီးသေးဘူး”
ဟု သံချပ်ခွေ စီစဉ်သူ ကျောက်မဲကျော်ကြီးက ပြောသည်၊၊
       ယခုနှစ်ထုတ်ဝေမည့်သံချပ် အစီအစဉ်တွင် ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်မှု၊ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး၊ သာသနာရေး၊ ကုန်ဈေးနှုံးနှင့် လူနေမှုဘဝ ၊တိုက်ပွဲခေါ်သံ စသည့်အကြောင်းအရာတို့ပါဝင်ကြောင်းသိရသည်၊၊
တိုက်ပွဲဝင်သံချပ်များကို ပင်တိုင်ရေးသားနေသည့်အသက် ၅၂ နှစ်ရှိ သံချပ်ဆရာ မြတ်ထက်မှာ ယခုနှစ်ဇန်နဝါရီလ တတိယပတ်က လေဖြတ်သည့်ဝေဒနာကြောင့်ညာဘက်ကိုယ်တခြမ်းလှုပ်မရဘဲ အိန္ဒိယ နိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့ ဆေးရုံတွင်၂လ ခန့်ဆေးကုသခံယူရခဲ့ရာမှ ယခုအခါ နေအိမ်မှာအနားယူပြီးလေ့ကျင့်ခန်းများလုပ်နေကြောင်းလဲသိရသည်၊၊
“အခုတော့ တိုးတက်လာပါပြီ၊ စကားပြောတာနည်းနည်းပီလာပြီ၊လက်တွေ ခြေတွေတော့ ကောင်းကောင်းလှုပ်မရသေးဘူးပေါ့ ၊ ”
ဟု သံချပ်ဝိုင်းတော်သားတယောက်ကပြောသည်၊၊
၁၉၉၇ ခုနှစ်မှစတင်ထုတ်ဝေဖြန့်ချိပြီး ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ၏လှိုက်လှိုက်လှဲလှဲ အားပေး အာရုံစိုက်မှု ရခဲ့သည့်အိန္ဒိယရောက်ဒီမိုကရေစီအင်အားစုများ၏တိုက်ပွဲဝင်သံချပ်ခွေများမှ ယခုလအကုန်တွင် စတင်ဖြန့်ချိမည့် “သူသေကိုယ်ရှင်တိုက်ပွဲဝင်” ခွန်အားဖြည့်သံချပ်ခွေသည် ၁၂ခွေမြောက်ဟုသိရသည်၊၊
(ဓာတ်ပုံ = မြတ်ထက် ကို ၂၀၀၇ ခုနှစ်က တွေ့ရစဉ်)
မြန်မာအိုင်အက်စ်ပီက အထက်ပါသံချပ်ခွေကို အွန်လိုင်းပေါ်က ဖြန့်ချိတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ၎င်းတို့ ၀က်ဆိုက်မှာသွားရောက် ရယုနိုင်ပါပြီ။

အဖွင့်စကားပြောနဲ့ ဒိုးပတ်သံ

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “အဖွင့်စကားပြောနဲ့ ဒိုးပတ်သံ” ဖြစ်ပါတယ်။ အရွယ်အစား 7.1 MB – ဖိုင်အမျိုးအစား audio/mpeg

အဖွင့်နိဒါန်း

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “အဖွင့်နိဒါန်း” ဖြစ်ပါတယ်။ အရွယ်အစား 5.7 MB – ဖိုင်အမျိုးအစား audio/mpeg

လူထုအခြေအနေ

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “လူထုအခြေအနေ” လွှမ်းမိုး ‘ဆရာမ’ အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 16.7 MB – ဖိုင်အမျိုးအစား audio/mpeg

သံဃာတော်များ

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “သံဃာတော်များ” မာမာအေး သီဆိုတဲ့ ‘အသဲနာ ကမ္ဘာမကြေ’ သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 10.0 MB – ဖိုင်အမျိုးအစား audio/mpeg 

အပစ်ရပ်
 အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “အပစ်ရပ်” ‘ငြိမ်းချမ်းရေး စစ်သား’ Buffalo Soldier အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 19.3 MB – ဖိုင်အမျိုးအစား audio/mpeg 
 ရွေးကောက်ပွဲ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “ရွေးကောက်ပွဲ” ချောစုခင်ရဲ့ ‘သတိရ’ အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 17.2 MB – ဖိုင်အမျိုးအစား audio/mpeg 
တိုက်ပွဲခေါ်သံ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ မှ “တိုက်ပွဲခေါ်သံ” စိုင်းစိုင်းရဲ့ ‘တောဂေါ်လီ’ အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 9.4 MB – ဖိုင်အမျိုးအစား audio/mpeg
မေတ္တာပို့နဲ့ ရွှေစင်ပန်းလို မွှေးစေသား သီချင်း
 အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ’ အဆုံးသတ်ပိုင်း “မေတ္တာပို့” နဲ့ သိန်းဇော်ရဲ့ ‘မြတ်ဆုမွန်’ အလိုက် “ရွှေစင်ပန်းလို မွှေးစေသား” သီချင်းတို့ ဖြစ်ပါတယ်။ အရွယ်အစား 7.7 MB – ဖိုင်အမျိုးအစား audio/mpeg  
သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ် စာအုပ်
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် “သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်” စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 256.1 kB – ဖိုင်အမျိုးအစား application/pdf

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts