>Mar Mar Aye – The Cows and I

>

နွားဋီကာ တေးထပ် ကောက်နုတ်ချက်
(မာမာအေး၏ ဘီဘီစီပင်တိုင်အစီအစဉ် ၃၂၁ မှ )
မတ် ၂၅၊ ၂၀၁၀
မာအေးက ပြည်ထောင်စုအရေး ဦးစားပေး သီချင်းလေးတွေနဲ့ ချစ်ဆွေတို့ ရင်အေးချမ်းမြ ပြောပြနေချိန်မှာ တခြား ဘာတွေများ ကိုယ့်ဆီမယ် ဖြစ်နေပြီလဲ လို့ သတင်းပလင်းလေးတွေလည်း နားစိုက်တာပါပဲ။ အို – အာကာသံ အာဏာရှံကပြင်း အချင်းချင်းတွေ သွေးထပ်ကွဲမတတ် – ရင်တလှပ်လှပ် ကြပ်စရာတွေ ကြားနေရပြန်ပြီကိုး။ ဒါကြောင့် ငြိမ်းချမ်းရေး ဆရာကြီးမှိုင်း ရေးစပ်ခဲ့တဲ့ ‘နွားဋီကာတေးထပ်’ သတိကပ်အောင် ဖတ်ပေးလိုက်ပါမယ်။ ကောသလအိပ်မက်တခုကို ပုံပြပြီး ဆုံးမတဲ့ ‘ဘလက်ရာ’ ပါရှင်။
xxx ကလိယုဂ်၊ ဆုတ်ကပ်မို့၊ လုပ်ရပ်နှင့်ပျော်ကာ၊ စုတ်သတ်လို့တော်ရာမှာ၊ မဖော်သာနေတုန်း၊ စပ်မိလို့ ပြောလိုက်ပါမယ်၊ ဘောစိုက်ကာ မင်းရို့ကျင့်ထုံး xxx ကောသလ စက်ပျော်သူရယ်၊ မက်တော်မူသည်ထုံး၊ နွားငယ်ရဲ့ နို့ချို နွားနအိုစို့သုံး၊ နွားပျိုပျို အားပိုလို့ ရုန်းပေမယ့်၊ နွားအိုကုန်းပုံဆောင်၊ မန်းပြည်မှာ ထမ်းချီကြပါမှ၊ ချမ်းကြည်မြ ထွန်းပလူ့ဘောင် xxx ခွေ့ကြဖို့ ရှားရှောင်တယ်၊ နွားနှစ်ကောင် ညီညီရုန်းကြမှ၊ တပြည်လုံး နောက်ကချွတ်ထာ၊ ပျောက်ပလွတ်ကာ၊ အောက်ကျတဲ့ ၀ဋ်ကြမ္မာကို၊ လွတ်စရာ ခဲကြမှလေး xxx
(နွားဋီကာတေးထပ် – သခင်ကိုယ်တော်မှိုင်း)
အင်း – တချိန်တုန်းက သူတပါး လက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားကြရင်း အချင်းချင်း မညီလာတော့ ဘငြိမ်းချမ်း မှိုင်းဆရာက နှိုင်းလိုက်တာများ ‘နွား’ တဲ့ ရှင်။ ကြားရဲ့ မဟုတ်လား။ ညီညီရုန်းမှ လွတ်မှာ တဲ့။ အဲဒီတင် မကသေးဘူး ‘နွားဋီကာ – နွားချိုး’ ဆိုတဲ့ စာကိုလည်း ရေးသွားပါသေးရော – – ။
လူကြီးကြီး နွားကြီးနှင့်ပုံဆွယ်၊ လူငယ်ငယ် နွားငယ်နှင့်ပုံထား၊ နွားနှစ်ကောင် ချိုထောင်လို့ သွေးကြရင် ‘ဘေး’ ဟု မှတ်သား။
(နွားဋီကာ – နွားချိုး)
အဲဒါလေးပါပဲ။ သြော် ‘ဘဘမှိုင်း’များ ရှိနေရင် ဒါမျိုးတွေ ရေးဦးမှာလို့ ဖတ်ပေးရင်းက ဆွေးပါတယ်ရှင်။ ဘယ်သူဝင်လို့ ဒီရှုပ်ထွေး ရှင်းပါ့မယ်လေး လို့လည်း ဆိုမိ လွမ်းမိပါတယ်။ ဒီတလ နှစ်လအတွင်းမှာ မာအေးအဖို့ လွမ်းစရာတွေ များလာလို့ ကိုယ်သိခဲ့တဲ့ အနုပညာရှင်တွေ ကြွေပြီးရင်း ကြွေလေသတဲ့ရှင်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts