Poems

Htin Aung Kyaw – 68

၆၈
ထင်အောင်ကျော်၊ ဇွန် ၁၉၊ ၂၀၁၃

 
ကိန်းဂဏန်းတွေနဲ့
အမေ့ကို မရေ တွက်ချင်ဘူး
ပြည့်သူနှလုံးသားမှာ
အမြဲ နုပျိုနေသော
အပြုံး ခုနှစ်တွေကို
အားပါးတရ ချိုးရေလို့
မိုးအထက်မှာ
ကောင်းကင်နဲ့ နှိုင်းလိုက်တယ်
လွန်ခဲ့သော ၆၈
ထိုညက ငြိမ်းချမ်းရေးပန်းတစ်ပွင့်ဖူးအာခဲ့။

ဂျွန် ၁၉
အေးချမ်းစွာရွာခဲ့မိုးရေ
အမေ့မျက်ရည်တွေ
သောက်သုံးရသလို
ကျွန်တော်တို့ မညှာမတာ
သုံးစွဲနေခဲ့တာ
အပြုံးမပျက်သူရဲ့ 
အသွေးအသားတွေလား
ဒီနေ့ကိုမှ အသိမှတ်မပြုရင်
အမှောင်ထဲက
ဟောင်နေတဲ့ ခွေးတစ်သိုက်နဲ့
ဘာထူးတော့မလဲ။

အမေ့အရွယ်ကို
အားမရဘူး
အနှစ်လေးဆယ်လောက်
ပြန်ငယ်ခဲ့ပါ
တိုင်းပြည်ရဲ့ ထက်ဝက်ကို
အမေ့အသက်နဲ့ လဲလိုက်ချင်တယ်၊
အမေ မွေးနေ့မှာ
အနားယူလှည့်ပါ
ပန်းတွေကို နမ်းချွေပါ
အပြုံးတစ်ချက်ကို
ကြီးကျယ်စွာ ပြသပါ
အကြည့်တစ်ချက်ကို
စူးရှစွ တောက်ပပါ
ခြေတစ်လှမ်းကို
ဝင့်ထည်စွာ လျှောက်လှမ်းပါ
ဆုတောင်းသံ ခြိမ့်ခြိမ့်ညောင်းကို
ပျော်ရွှင်စွာ ခံယူလိုက်ပါအမေ။

ထင်အောင်ကျော်

၆၈ နှစ်ပြည့် အမေစုမွေးနေ့ အမှတ်တရ ( ၁၉.၆.၂၀၁၃) 12:37 AM


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts