>Burmese Voters in LA & SF Bay Area support NLD for their Shwe Gon Dai Statement, Not for SPDC’s 2010 Election Law

>

အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုဒေသရောက် မြန်မာတို့က အင်န်အယ်ဒီ၏ ရွှေဂုံတိုင်ရပ်တည်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆို
မိုးမခအထောက်တော် ၀၀၃
မတ် ၂၃၊ ၂၀၁၀
မတ်လ ၈ ရက်နေ့မှ စတင်ထုတ်ပြန်လိုက်သော နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနှင့် ကြေငြာချက်များနောက်ပိုင်း ပါတီရပ်တည်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား ထုတ်ပြန်ရေးအတွက် မေးခွန်းများ၊ နိုင်ငံရေးအင်အားစုများနှင့် လူထု၏ ဝေဖန်မှုများ၊ ပြောဆိုမှု မျိုးစုံတို့ကို ရင်ဆိုင်နေရသော မြန်မာပြည်၏ အတိုက်အခံပါတီ အင်န်အယ်ဒီနှင့် ပတ်သက်သော သဘောထားကို ပြည်ပရောက် မြန်မာမိသားစုအချို့က စုစည်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုဒေသသို့ ရောက်ရှိနေကြသော မြန်မာပြည်သားများ၊ မြန်မာမဲဆန္ဒရှင်များဟူသော ခေါင်းစဉ်ဖြင့် ၎င်းမြန်မာမိသားစုများက စုဝေးကြပြီးနောက် ထုတ်ပြန်ရာတွင် –
“ ၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်ဒီပါတီကို တခဲနက် မဲဆန္ဒများ ပေးအပ်ပြီး ထောက်ခံမှု ပြသခဲ့ကြသော မြန်မာပြည်သူလူထု မဲဆန္ဒရှင်များအားလုံးသည် ယခုအချိန်ထိ ၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အင်န်အယ်ဒီကို ထောက်ခံဆဲ ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဦးဆောင်ပါတီအဖြစ် အင်န်အယ်ဒီကို အသိအမှတ်ပြူထားပြီး အင်န်အယ်ဒီ၏ ရွှေဂုံတိုင်ကြေငြာစာတမ်းကို အပြည့်အ၀ ထောက်ခံကြောင်း၊ ထိုရပ်တည်ချက်ကို သွေဖီသော နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနောက်သို့ အင်န်အယ်ဒီက လိုက်နာရန် လုံးဝ မလိုအပ်ကြောင်း”
၎င်းတို့၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုကြေငြာချက်များတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ၊ ပြည်သူ့၏ မဲဆန္ဒများဖြင့် ထောက်ခံမှု ရရှိထားသည့် ပါတီ၊ ပါတီ၏ မှန်ကန်သော ရပ်တည်ချက်ဖြစ်သည့် ရွှေဂုံတိုင်ကြေငြာစာတမ်း စသည့် အချက်အလက်များကို မီးမောင်းထိုးပြထားသဖြင့် ထိုကြေငြာချက် ၂ ခုမှာ ပုဂ္ဂိုလ်စွဲဖြင့် ထုတ်ပြန်သော ကြေငြာချက်မဟုတ်ဘဲ မဲဆန္ဒရှင်များ၏ ထောက်ခံမဲ ရရှိထားပြီးဖြစ်သော ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတရပ် အဖြစ် အဓိကထား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
သည်နေရာတွေမှာ သွားကြည့်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts