>Dr Sein Win, NCGUB – on 2010 Election and NLD

>

အင်န်စီဂျီယူဘီ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အမြင်
၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီ
မိုးမခ
မတ် ၂၁၊ ၂၀၁၀
          “ ယခင် ၁၉၉၀ ရွေးကောက်ပွဲကို ကျနော်တို့ ၀င်ခဲ့ကြစဉ်က မေးခွန်းက ၂ ခုပဲ ရှိတယ်။ အင်န်အယ်ဒီ နိုင်မှာလား၊ ရှုံးမှာလား၊ ဒါက တခု။ ပြီးတော့ စစ်တပ်က အာဏာလွှဲမှာလား၊ မလွှဲဘူးလား၊ ဒါက နောက် တခု။ ဒီ မေးခွန်း ၂ ခုပဲ ရှိတယ်။ အဲသည်တုန်းက ရွေးကောက်ပွဲဆိုတာက ကြိုတင်သတ်မှတ်ချက်တွေ မရှိတဲ့ ရွေးကောက်ပွဲ တခုဖြစ်ပါတယ်။
          အခု ၂၀၁၀ ရွေးကောက်ပွဲကတော့ ကြိုတင်သတ်မှတ်ချက်တွေ အများကြီး သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကထက် ပိုပြီး မေးစရာ မေးခွန်းတွေ အများကြီး ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကို အင်န်အယ်ဒီပါတီအနေနဲ့ အလေးအနက် စဉ်းစားရမှာ ဖြစ်ပါတယ်။
          နောက်ပြီးတော့ အနှစ် ၂၀ ဆိုတဲ့ အချက်၊ ၁၉၉၀ ကနေပြီးတော့ အခု ၂၀၁၀ အထိ အနှစ် ၂၀ လုံးလုံးမှာ အတိုက်အခံတွေ၊ ပြည်သူတွေက နိုင်ငံရေးနည်းနဲ့၊ တွေဆုံဆွေးနွေး အဖြေရှာရေးနဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာနဲ့ တလျောက်လုံး လှုပ်ရှား ဆောင်ရွက် ရင်ဆိုင်နေခဲ့ကြတာဖြစ်ပြီး၊ စစ်အစိုးရကတော့ အနှစ် ၂၀ လုံးလုံးကို အဲသည်လို အဖြေမျိုးကို မရှာဘဲ အတိုက်အခံနဲ့ ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ် ချုပ်ချယ် နှိမ်နင်းပြီး ရပ်တည်နေတာ ဖြစ်တယ်။”
ဒေါက်တာစိန်ဝင်း ဆန်ဖရန်စစ္စကို၊ ဘေးဧရိယာ၏ မြန်မာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ လာရောက်ခဲ့စဉ် တွေ့ဆုံခဲ့သည့်အချိန်က ၎င်း၏သဘောထားအား မေးမြန်းခဲ့သည်ကို ကောက်နုတ် ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts