>Burmese Poets celebrate World Poetary Day

>

၂၀၁၀ ပြည့်နှစ် ကဗျာ့ကမ္ဘာနေ့ အထိမ်းအမှတ် ကဗျာရက်သတ္တပတ် မြင်ကွင်း

မိုးယံမခ
ရန်ကုန်၊ မတ် ၁၉၊ ၂၀၁၀
          ယနေ့ နံနက် ၁၁ နာရီခွဲမှာ ကဗျာရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားကို ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်း (အလယ်) ထောင့် (Kyaw Home Mart) အပေါ်ထပ်၊ အမှတ် ၁၃၈၊ ၁၄၀ (ပထပ်) မှာရှိတဲ့ စာပေလောက ၅ စာအုပ်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ကမ္ဘာကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်သတ္တပတ် ကဗျာစာအုပ် အထူးရောင်းပွဲနဲ့ ရာစုသစ် ဆယ်စုနှစ် ကဗျာစာအုပ်ပြပွဲ ဆိုပြီး အမည်ပေးထားပါတယ်။

 ကဗျာဆရာ မောင်လင်းရိပ်

          ကဗျာရက်သတ္တပတ်အစီအစဉ်မှာ ၂၀၁၀ မတ် ၁၉ မှ ၂၁ အထိ စာတမ်းဖတ်ခြင်း၊ ကဗျာဖတ်ခြင်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဖွင့်ပွဲရက်ဖြစ်တဲ့ ဒီနေ့မှာ အခမ်းအနားမှူးအဖြစ် ကဗျာဆရာ မောင်လင်းရိပ်က ဆောင်ရွက်ပါတယ်။ ကဗျာဆရာ အံ့မောင်၊ သစ္စာနီ၊ ငြိဏ်းဝေ တို့က ကဗျာသမိုင်း၊ ကဗျာဆရာညီညွတ်ရေး၊ ကဗျာအယူအဆဆိုင်ရာ စာတမ်းများကို ဖိတ်ကြားခဲ့ပါတယ်။

          အံ့မောင်၊ သစ္စာနီ၊ ငြိဏ်းဝေ

         မောင်စိမ်းနီ၊ အောင်ဇင်မင်း၊ မအိ၊ ကွန်စစ်ကောင်း၊ မင်းထက်မောင်၊ နေစိမ့်၊ စန်းဦး၊ မိုဃ်းဇော်၊ ညီမင်းညို၊ ထွန်းဝေမြင့်၊ အောင်ပိုင်စိုး စတဲ့ ကဗျာဆရာတွေက သူတို့ရဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။

  မောင်စိမ်းနီ၊ အောင်ဇင်မင်း
 မအိ၊ ကွန်စစ်ကောင်း

          ကဗျာဆရာတွေရဲ့ လက်ရေးပြသပွဲကို ပန်းဆိုးတန်းလမ်း အထက်ဘလောက်မှာ ရှိတဲ့ ပန်းဆိုးတန်းပန်းချီပြခန်းမှာ ကျင်းပခဲ့ပါတယ်။ ၂ နေရာ ခွဲပြီး ကျင်းပတဲ့ ကဗျာနေ့ကို လာရောက်အားပေးတဲ့ ပရိသတ်တွေ စည်စည်ကားကား ရှိခဲ့ပါတယ်။

       မင်းထက်မောင်၊ နေစိမ့်
 စန်းဦး၊ မိုဃ်းဇော်

   “ကဗျာရွတ်ကြတဲ့သူတွေရဲ့ အသံတွေ၊ ကဗျာရေးဖွဲ့ကြတဲ့ စကားလုံးတွေဟာ စာဖတ်သူတွေ ပြောချင်နေတဲ့၊ ရေးချင်နေတဲ့၊ အာသီသတွေကို တစုံတခုသော အတိုင်းအတာအထိ ကျေနပ်နိုင်စရာပါပဲ” ဆိုပြီး ကဗျာရွတ်ပွဲကို တက်ရောက်နားဆင်သူ ကဗျာချစ်သူ ပရိသတ်တဦးက ပြောပါတယ်။

 ညီမင်းညို၊ ထွန်းဝေမြင့်၊ အောင်ပိုင်စိုး 

          လာမည့် မတ်လ ၂၀ ရက် စနေနေ့ မွန်းလွဲ ၁ နာရီ ခွဲ မှ ၃ နာရီအထိ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ မောင်လင်းရိပ်၊ မောင်သာချိုတို့က စာတမ်းဖတ်ကြမှာ ဖြစ်ပါတယ်။ သစ္စာနီ၊ မောင်ပြည့်မင်း၊ ငြိဏ်းဝေ၊ နိုင်သစ်နီ၊ ဇော်လူစိမ်း၊ ဖြူမွန်၊ မောင်ဖီလာ၊ ခိုင်မြဲကျော်စွာ၊ မိုးဦးဆွေညိန်း၊ မောင်နီဦး၊ ဟိန်းမြတ်ဇော်၊ သူရနီတို့က ကဗျာများ ဖတ်ကြမယ် လို့ သိရပါတယ်။

ဟိန်းမြတ်ဇော်၊ မောင်ရန်ပိုင်


          မတ်လ ၂၁ ရက် တနင်္ဂနွေနေ့မှာတော့ အထက်ပါအချိန်အတိုင်း ဆရာ ဇော်ဇော်အောင်၊ ဆရာဋ္ဌေးသိန်း တို့က စာတမ်းဖတ်ကြမှာ ဖြစ်ပြီး အယ်ဒီတာများဖြစ်ကြတဲ့ မောင်စိမ်းနီ၊ ယမုံ၊ သရုပ်ဖော်ပန်းချီဆရာတွေ ဖြစ်ကြတဲ့ ဇော်မောင်၊ ဖေစိုးအောင်၊ ကိုကိုနိုင်၊ ထုတ်ဝေသူများဖြစ်ကြတဲ့ စန်းဦး၊ မိုးဦးဆွေညိန်း၊ ဘလော့ဂ်ဂါ ကဗျာဆရာတွေဖြစ်ကြတဲ့ ဖုန်းမြင့်၊ သိုးထိန်း တို့က ကဗျာနှင့် သက်ဆိုင်သူများ၏ အသံကို တင်ပြကြမယ်လို့ သိရပါတယ်။

ဆန်နီညိန်းနဲ့ သူ့အနုပညာ 
          ဆက်လက်ပြီး မင်းချမ်းမွန်၊ မြေလတ်မောင်မြင့်သူ၊ မောင်လင်းရိပ်၊ ခရမ်းပြာထက်လူ၊ မိုးဝေး၊ မောင်နီဦး၊ စိုင်းဝင်းမြင့်၊ လွှမ်းရုံ၊ ဘုန်းသက်ပိုင်၊ အောင်ခိုင်မြတ်၊ လင်းသဏ်ညီ စတဲ့ ကဗျာဆရာတွေက ကဗျာရွတ်ကြမှာ ဖြစ်ပါတယ်။
          ကဗျာရွတ်ပွဲကို ကဗျာချစ်သူ ပရိသတ်များက ကြိုဆိုအားပေးခဲ့ကြပြီး အခုလို ကဗျာရွတ်ပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပဖို့ ဆန္ဒရှိကြကြောင်း၊ ရန်ကုန်အနုပညာအသိုင်းအ၀ိုင်းမှာ သုံးသပ်ပြောဆိုနေကြတယ်လို့ သတင်းရရှိပါတယ်။
          (မိုးမခ ဖြည့်စွက်ချက် )
ကမ္ဘာကဗျာနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ – မတ်လမှာ မြန်မာပြည်ရဲ့ အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ နှစ်ပတ်လည်လည်း ကျရောက်ပါတယ်။ ဆရာကြီးကို မတ်လ ၂၃ ရက်နေ့၊ လွန်ခဲ့တဲ့ နှစ် ၁၃၄ နှစ် (၁၈၇၆) က မွေးဖွားခဲ့ပါတယ်။ အဲသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေးနှစ်ပတ်လည် အခမ်းအနားကို ပြည်ပက ထိုင်းနဲ့ ဂျပန်ရောက် စာပေချစ်သူများက ကျင်းပကြမယ်လို့ သိရပါတယ်။ ပြည်ပရောက် ကဗျာစာဆိုတဦး ဖြစ်တဲ့ မောင်စွမ်းရည်ကတော့ ဆရာကြီးအထိမ်းအမှတ် ကဗျာတွေကို ပြန်လည်ဖော်ပြဖို့ စိတ်ထက်သန်လျှက် ရှိနေပါတယ်။ သူက – ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ ကြည်အောင် ပြီးတော့ သက်ရှိထင်ရှားရှိသေးသူ -့ ကိုလေး အင်းဝဂုဏ်ရည်နဲ့ မောင်စွမ်းရည်တို့ရဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပူဇော်တဲ့ ကဗျာတွေကို ပြန်လည် တင်ဆက်ပေးချင်တယ်လို့ အမှာရှိပါတယ်။
မြန်မာ့ကဗျာနေ့ကိုသာ သတ်မှတ်ကြမယ်ဆိုရင် ဘယ်နေ့ကိုများ သတ်မှတ်ကြမည်လဲလို့ အမေးရှိလိုက်ပါရဲ့။

ကဗျာ ရွတ်သံများ နာကြားရန်
http://moemaka.com/index.php?option=com_zoom&Itemid=53&catid=42&PageNo=1

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts