ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

အနာဂါတ်ခေါင်းဆောင်များအား ဂုဏ်ပြုခြင်း
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၉၊ ၂၀၁၃

၂ဝ၁၃ ခုနှစ် ဇွန် (၁၅) ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခ အလင်းပညာဒါန”မှ ဖွင့်လှစ်ခဲ့သည့် စာသင်စာကျက်ဝိုင်းသို့ တက်ရောက်သင်ကြားခဲ့ပြီး ၂ဝ၁၂/၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုခြင်းအခမ်းအနားတစ်ရပ် နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်းပညာဒါန” တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ သူ (၃ဝ) ဦး၌ အောင်မြင်သူ (၁၉) ဦးဖြစ်ကြသော မောင်ကောင်းထက်ပိုင် (ဆမဒ-၂၇၃၇)၊ စောခန့်လွင် (ဆဒရ-၂၁၃၄)၊ ရန်နိုင်ဝင်း (ဆဒမ-၃၁၇၆)၊ ကျော်စွာဝင်း (ဆဒရ-၂၂၃၅)၊ မြတ်ကိုဟန် (ဆတဥ-၂၄၆၆)၊ ဖြိုးဝေစိုးနိုင် (ဆဒမ-၂၇၁၇)၊ သန်းထွန်းအောင် (ဆဒမ-၃၄၁၀)၊ သက်ပိုင်ဦး (ဆဒမ-၁၁၈၂)၊ ခွာညိုအိရှိန် (ဆဒမ-၁၀၀၉)၊ ဝင်းလဲ့ရည် (ဆမက-၉၁၄၁)၊ ခိုင်ဇင်စိုး (ဆဒမ-၂၄၀၉)၊ အေးပြည့်ပြည့်ဖြိုး (ဆဒတ-၁၃၄၃)၊ သီရိသိမ့် (ဆဒမ-၃၂၆၆)၊ ကျော်စွာသိန်း (ဆဒမ-၃၂၄၆)၊ ဥက္ကာဖြိုး (ဆဒမ-၉၃၆)၊ ရဲထွန်းဦး (ဆဒမ-၃၄၉၅)၊ ခိုင်မဉ္ဇူဟန် (ဆဒမ-၃၃၁၀)၊ ရှိုင်းကိုကို (ဆဒမ-၇၅၄)၊ မျိုးမျိုးကျော် (ဆဒရ-၁၆၂၆) တို့အား ဂုဏ်ပြုခြင်း အခမ်းအနားအား ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှတ်တရ ဂုဏ်ပြုစကားပြောကြားခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပညာရေးအကြံပေးဆရာမ ဒေါ်နီလာမှ သင်ကြားမှုနှင့်ပတ်သက်၍ ကျောင်းသား/သူများအား အမှတ်တရ စကားပြောကြားခဲ့ကြပြီးနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး နီးကပ်လာချိန်တွင် ကျောင်းသား/သူ များနှင့်အတူ Guide အဖြစ် လာရောက်၍ စာဝိုင်းဖတ်ပေးခဲ့ကြသော ဆရာ/မများအား မေတ္တာလက်ဆောင် ချီးမြှင့် ခြင်းနှင့် ကျောင်းသား/သူများအား သင်ကြားပေးခဲ့သော ဆရာ/မများတို့မှ ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ချီးမြှင့် ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများကိုယ်စား မောင်ကောင်းထက်ပိုင်မှ ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားခြင်းနှင့် ကျောင်းသားမိဘများကိုယ်စား တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မဝင်းလဲ့ရည်၏ ဖခင်မှ ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ရာ “ကျွန်တော်အနေနဲ့ ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင် စကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကျွန်တော်တို့မိသားစုအပေါ်မှာ ကျေးဇူးအများကြီးရှိခဲ့ပါတယ်။ ကျွန်တော့်သမီး မဝင်းလဲ့ရည်ဟာ သုခအလင်းပညာဒါနမှာ တက်ရောက်ခဲ့ပြီးတော့ တက္ကသိုလ်ဝင်တန်းကို ဒီနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ သူ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်တဲ့နေ့က သူ့အမေ ကျွန်တော့်အမျိုးသမီးက အရေးပေါ်ဆေးရုံတင်ပြီး ခွဲစိတ်မှုခံယူခဲ့ရတယ်။ အဲဒီခွဲစိတ်မှုအတွက်ကို ဦးကျော်သူတို့ သုခဆေးခန်းက ခွဲစိတ်ကူညီမှုပေးခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျောင်းသား/သူ တွေအနေနဲ့ ဒီအသင်းက အချိန်ကုန်၊ ငွေကုန်၊ ဆရာ/မတွေ အပင်ပန်းခံပြီးတော့ သင်ကြားပေးခဲ့တဲ့အတွက် အခုလို အောင်မြင်မှုတွေ ရရှိခဲ့ကြတဲ့အတွက် အသင်းရဲ့ ကျေးဇူးတရားတွေကို အမြဲတမ်းအောင့်မေ့ပြီးတော့ အသင်းရဲ့ လူမှုရေးလုပ်ငန်းတွေကို မိမိတို့ တတ်နိုင်တဲ့ဘက်နေ ပြန်လည်ပြီးတော့ ပေးဆပ်ကြပါလို့” ပြောကြားခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ နိဂုံးချုပ်အမှတ်တရ စကားပြောကြား ပေးခဲ့ပြီး တက်ရာလာသော ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများအား ကော်ဖီနှင့် မုန့်များ ဖြင့် ဧည့်ခံကျွေးမွေး၍ အခမ်းအနားအား နေ့လည် (၃းဝဝ) နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
  

 

 

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အနာဂါတ် မျိုးဆက်သစ်ခေါင်းဆောင်လေးများ၏ ပညာရေးအား အလေးထားကာ ၂ဝ၁ဝ ခုနှစ်မှာစတင်၍ သုခအလင်းပညာရေးအား ဖွင့်လှစ်ခဲ့ကာ တက္ကသိုလ်ဝင်တန်း ပညာရေးစာ သင်/စာကျက်ဝိုင်းအား ၂ဝ၁၂-၁၃ ပညာသင်နှစ်တွင်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိရာ တက္ကသိုလ်ဝင်တန်း (ကျောင်းဖြေ) ကျောင်းသား/သူ (၅၅) ဦးတို့အား သင်ကြားပို့ချနေပြီး ဇွန်လ (၂ဝ) ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း (ပြင်ပဖြေ) ကျောင်းသား/သူ (၆ဝ) ဦးအတွက် ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်းပညာဒါန စာသင်စာကျက်ဝိုင်းအား မိမိတို့၏ သား/သမီးများအား ယုံကြည်စွာအပ်နှံခဲ့ကြသော ကျောင်းသားမိဘများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်း ပညာရေး”  အနေဖြင့် ယခုနှစ်တွင်လည်း ပိုမို၍ အောင်ချက်ကောင်းမွန်စေရန် ကြိုစားသင်ကြားပို့ချ ပေးသွားဦးမည် ဖြစ်ပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts