>The Cove is awarded Oscar’82 over Burma VJ

>

၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဘားမားဗီဂျေကို ကျော်ပြီး The Cove ဆုချီးမြှင့်ခြင်း ခံရ

မိုးမခအထောက်တော် ၀၀၂
မတ် ၇၊ ၂၀၁၀
ဆုရွေးချယ်ရန် လျာထားခြင်းခံထားရသော မှတ်တမ်းတင်ကား ၅ ခု အနက် မြန်မာပြည် ၂၀၀၇ သံဃာ့အရေးတော်ပုံ မှတ်တမ်းတင်ဇာတ်ကား Burma VJ ရွေးချယ်ခြင်း မခံရဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကို ကာကွယ်ရေး ဇာတ်ကားတခုဖြစ်သည့် The Cove ဇာတ်ကားကို ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။
(သတင်းဓာတ်ပုံ – ဇာတ်ကား ဒါရိုက်တာ၊ သံဃာတော် ဦးပညာဇောတ နှင့် ထုတ်ဝေသူတို့ကို ပွဲတွင် တွေ့ရစဉ်)