>Zay Hmine – Green Nights

>

အစိမ်းတိုက်တဲ့ ညများ
ဇေမှိုင်း
မတ် ၂၊ ၂၀၁၀
သနပ်ခါးသွေးနေတဲ့
အပမှီ သတ္တဝါတွေ
ရေ လေ မြေကြီး ရှိနေသမျှ
သခင်အားရ ဖို့ ကြွတော်မူလာသပါ့
နှင်းကလည်းပိန်းသကို
နှင်းပေါ်မှာ အနီစက်တွေ မပျောက်သေးဘူး
ချစ်ခြင်းကပြောတယ်
အတွေ့အကြုံအရတဲ့
အဖြူပေါ်မှာ ထင်လာတာ အနီပါတဲ့
ဘယ်တော့မှ မပျောက်တော့မယ့် အရောင်
တောင်ကောင်အူသံများလောက်ကတော့
မိုးမခပင်ကြားမှာ ပျောက်သွားမတဲ့
စောင့်ကြည့်ဖို့ အားသန်ရင်
ဟောဒီ နှင်းဆီရင်ပြင်ပေါ်မှာ ထိုင်ကြည့် …
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts