>Aung Tha Nge’s poem

>

အူသံရှည် နေ့စွဲများ
အောင်သာငယ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀


ညဥ့်က စိတ်ရူးပေါက်တဲ့ ခွေးတကောင်လို ဟောင်နေ…
အနက်ရောင်တွေကို တထပ်ပြီး တထပ် ခေါ်လာနေ…
သည်မှာတော့ ငါက ထိုင်ရုံလေး ထိုင်နေတာပါလေ
ဇော်ကြီးရယ်…
မင်းက မတ်တတ်ကြီး ဘာထိုင် လုပ်နေတဲာ…
လမ်းလျှောက်ဦးလေ…
ဒွတ်ခပါပဲကွာ…
မင်းကို ငါ အားမရတော့ဘူး…
ငါ့ကို သည်မြို့တော်ထဲကနေ… မင်း ဆွဲ မထုတ်တော့ဘူးလား….
နေပေါ့ကွာ…
ငါ့ဘာသာ ငါထွက်ခဲ့မယ်… သည်မြို့တော်ထဲက…
“မဟုတ်ဘူး ကျနော်ကိုယ်တိုင် စိတ်ပျက်နေတာ”လို့ မပြောနဲ့
သည်ညတော့ လမင်းကို ငါ ဓါးနဲ့ခွဲထုတ်ပြီ…
မင်း မတားနဲ့တော့…
ညထဲကနေ လမင်းကို ငါ
ဓါးနဲ့ ခွဲထုတ်နေတုန်း
ခွေးလေခွေးလွင့်တွေ သက်တန့်ပျက်တွေကို မင်းစိတ်ပျက်ရင်
သူတို့ဗိုက်တွေကို ဓါးတချောင်းစီ စိုက်ပစ်လိုက်ကွာ…
ပင်လယ်ရေလေးတစလောက် သွေးတွေလို ထွက်ကျလာရင်
အနီးနားက ရွက်ကျပင်ပေါက်နဲ့ ကောက်သုတ်လိုက်ကွာ…
လမင်းကို ငါ့လက်ထဲမှာ ရယူပြီးတဲ့အခါ
နှစ်ပေါင်းများစွာ မအူခဲ့ရတဲ့ ၀ံပုလွေတကောင်လို
ငါ အူမယ်
အဲဒါဟာ
ငါ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းပေါ့
မင်းက စည်းချက်လိုက်ပါ ဇော်ကြီး…
ငါ့အူသံကို မင်းကြားတဲ့အခါ…
အကို အဲဒါကဗျာရေးတာမလား…လို့ မမေးနဲ့…
အခုက
ဝံပုလွေတကောင်လို အရှည်လျားဆုံးအူနေတာ…
ငါက အူတူတူ ငနဲဆိုတော့ ငါ့အူသံက ပိုရှည်လျားတာပေါ့လေ…
မင့်က စိတ်ရှည်ရှည်ထားပြီး လိုက်အူ လိုက်ရုံပါ ဇော်ကြီး…
ငါ့အူသံက နံရံတွေကို ဖောက်ထွက်သွားနိုင်မှာပါ… ..

[ကဗျာခေါင်းစဉ်ကို သစ်ကောင်းအိမ် က အမည်ပေးပါသည်]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts