>Burmese in Colorado hosts Buddist Pwe


>

ကော်လိုရာဒိုက မြန်မာများ မဟာဒုတ် စာရေးတံမဲနဲ့ ထမနဲပွဲ ကျင်းပ

ကိုဦး
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀
ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းပြီး ဒုတိယအကြိမ်မြောက် မဟာဒုက် စာရေးတံမဲပွဲနှင့် ထမနဲပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မဟာဒုက် စာရေးတံဘုရားမဲနှင့် သံဃာမဲများကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ ကလေးငယ်များနှင့် ဘုန်းတော်ကြီးကျောင်း ကပ္ပိယကာရကများက မဲဖောက်ရွေးချယ်ပေးခဲ့ပါတယ်။
မဟာဒုက် စာရေးတံ ဘုရားမဲ ဆင်းတုတော်အား နံနက် ၁၀း၃၀ နာရီတွင် အနေကဇာတင်ပြီး သံဃာတော် အရှင်သူမြတ်များအား စုပေါင်းဆွမ်း ကပ်လှူပူဇော်ကြပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံကာ နေ့လည် ၁း၀၀ နာရီမှာ တရားနာ ရေစက်ချ အခမ်းအနားကို စတင်ခဲ့ပါတယ်။
ပထမဦးစွာ ဆရာတော် ဦးကောသလ္လထံမှ ငါးပါးသီလခံယူပြီး အခမ်းအနားကိုစတင်ကာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ သြဝါဒစကားပြောကြားခြင်း၊ ကပ္ပိယကာရကအဖွဲ့ နာယက မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် နာယကဆရာတော် အရှင်ဝိဇယထံမှ တရားနာယူ ရေစက်ချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ပါတယ်။
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းဟာ ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများက ၁၉၉၉ ခုနှစ်က စတင်ငှားရမ်းဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကိုယ်ပိုင်ကျောင်းဆောင် ဝယ်ယူနိုင်ရေးအတွက် ကြိုးစားနေကြောင်းလည်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts