>SPDC frees U Tin Oo

>

၇ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး ပြန်လွတ်ပြီ
AFP သတင်းဌာန
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၀ နုပျိုစဉ်က တွေ့ရသည့် ဦးတင်ဦး။ “တားဆီးမိန့် ရုပ်သိမ်းကြောင်း အမိန့်စာ ဖတ်ပြတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဖို့၊ ဆူပူအောင် မလှုံ့ဆော်ဖို့ အမိန့်စာမှာ ပါတယ်။ ကျနော်က NLD ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်မှာပါ” ဟု ဦးတင်ဦးက ပြောဆိုကြောင်း Reuters သတင်းတပုဒ်တွင် ရေးထားသည်။


မြန်မာအာဏာပိုင်တို့က ၇ နှစ်နီးပါး ထိန်းသိမ်းထားသည့် ဦးတင်ဦးကို ယနေ့ အကျယ်ချုပ် သက်တမ်းစေ့သဖြင့် ပြန်လွှတ်ပေးလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ်တွင် ထိန်းသိမ်းခံရသည်။ အစိုးရက ဘက်တော်သား လူအုပ်စုကြီး တခုက သူတို့၏ မော်တော်ယာဉ်တန်းကို တိုက်ခိုက်မှုအပြီး ထိုသို့ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဦးတင်ဦးသည် ယခုအခါ အသက် ၈၃ နှစ် ရှိပြီ ဖြစ်သည်။

“တားမြစ်ကန့်သတ်မိန့် ရုပ်သိမ်းလိုက်ပြီ ဆိုတာကို အာဏာပိုင်တွေက ကျနော့်ကို လာအကြောင်းကြားပါတယ်” ဟု ဦးတင်ဦးက ပြောသည်။ ရဲအရာရှိများက သူ့အား တားဆီးမိန့် ရုပ်သိမ်းကြောင်း သွားရောက်ပြောဆိုပြီး မိနစ်အနည်းငယ် အကြာတွင် သူက ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် သတင်းထောက်များကို ထိုသို့ ရှင်းပြခဲ့ခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts