>100 Year Anniversary of U Thaw Zin held with Paper Reading

>

File:UThawZin.jpg 
အမျိုးသားစာဆို၊ စာရေးဆရာကြီး ဦးသော်ဇင် နှစ် ၁၀၀ ပြည့် စာတမ်းဖတ်ပွဲ ပြုလုပ်
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၀
လွန်ခဲ့သည့်လ ၂၈ ရက်နေ့က ရန်ကုန်၊ အေးရှားပလာဇာဟိုတယ်၊ ပုလဲခန်းမတွင် ကျန်ရစ်သူ မိသားစုများ၊ စာပေချစ်သူများနှင့် တပည့်များစုဝေးကြပြီး “ဦးသော်ဇင် ရာပြည့်” အထိမ်းအမှတ် စာတမ်းဖတ်ပွဲတခု ကျင်းပခဲ့ကြသည်ဟု သိရှိရသည်။
၁၉၁၀ ခုနှစ်ဖွား စာရေးဆရာကြီး ဦးသော်ဇင်သည် ဘာသာရေး၊ အထ္ထုပ္ပတ္တိနှင့် သုတ ရသ စာပေမျိုးစုံကို ရေးသားပြုစုခဲ့သူဖြစ်ပြီး မြန်မာစာပြန့်ပွားရေးအဖွဲ့၊ မြန်မာစာကော်မရှင်နှင့် မြန်မာစာအဖွဲတို့တွင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၁၃ တွင် ကွယ်လွန်ခဲ့သည်။ ဆရာကြီး၏ ထင်ရှားသောစာအုပ်များမှာ မြတ်မင်္ဂလာ၊ မိလိန္ဒပဥှာ၊ နောက်ဘ၀ပြဿနာနှင့် ဗုဒ္ဓအမြင်ကို လေ့လာခြင်း တို့ဖြစ်သည်။
ဆရာကြီးဦးသော်ဇင် နှစ် ၁၀၀ပြည့် စာတမ်းဖတ်ပွဲတွင် မောင်ခင်မင် (ဓနုဖြူ)၊ ချစ်ဦးညို၊ ဘရဂျက်ကူးမား၊ အောင်စိုးဦး နှင့် မောင်ဇေယျာတို့က ဆရာကြီး၏ စာပေလက်ရာများနှင့် ပတ်သက်သည့် စာတမ်းများ ဖတ်ကြားခဲ့ကြသည် ဆိုသည်။ ထိုအခမ်းအနားတွင် ရာပြည့် အမှတ်တရ လက်ကမ်းစာအုပ်ငယ်တခု ထုတ်ဝေဖြန့်ချိသည်ကို တွေ့ရသည်။ ထိုစာအုပ်တွင် ပါရဂူက အမှာစကားရေးထားသည်။
ထိုစာအုပ်ကို သည်နေရာမှာ ရယူနိုင်ပါပြီ။ http://www.scribd.com/doc/26688953/100-Anniversary-of-Sayagyi-U-Thaw-Zin-book-let

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts