>Khet Mar –

>

အမော
ခက်မာ
ဖေဖော်ဝါရီ ၆၊ ၂၀၁၀
ဘယ်လိုထင်ဟပ်ပြရမလဲ
တုတ်တုတ်မလှုပ်တဲ့ခန္ဓာကိုယ်ထဲ
မုန်တိုင်းလဲ မစဲနိုင်သေးတာ။
မျက်စိတစ်ချက်မှိတ်လိုက်စဉ်
ခရီးနှင်နေသောစိတ်က မိုင်ပေါင်းများစွာ
ဂြိုဟ်ကမ္ဘာ နေရာအနှံ့
ပြန့်ကျဲနေသောမျှော်လင့်ခြင်းတွေကို လိုက်ကောက်
ကျေနပ်လိုမှု ခြင်းအပေါက်ထဲ စုထည့်
ချိနဲ့နဲ့ ခိုလှုံရာဆီ ပြန်ရောက်ကာမှ
ဗလာများစွာကိုသာ သယ်ဆောင်လာခဲ့မှန်းသိတယ်။
တခုခုဆိုတာက လွဲပြီး
ဘာမှန်းလဲမသိသော ရမ္မက်နဲ့
ခရီးဆက်ရမှ နေပျော်မှာ
သွားလေရာ မြင်လေရာ
ဆာလောင်သောအာရုံနဲ့ ရှာဖွေ
ထိုက်တန်သော နေထိုင်ရှင်သန်ခြင်း တခုခု
မစွန့်လွှတ်ချင်ဖွယ် တွယ်မက်မှုတခုခု
ငြင်းဆိုမရသောတန်ဖိုး တခုခု။
ဒီတညလည်း
အိပ်ခန်းထဲက သက်ပြင်းနဲ့ 
အိမ်အပြင်က နှင်း
တိတ်တခိုး ချဥ်းကပ်ဆက်သွယ်
ကျေနပ်ဖွယ် မိနစ်တချို့ ဖန်တီးလို့ 
လက်ကျန်ခရီးကိုဆက်နိုင်ရန်
ငြိမ်ဆိတ် ပြင်းထန်စွာ
ဝေဖန်ဆွေးနွေး ကြလိမ့်ဦးမည် ။
ဇန်နဝါရီ ၁၂ ၊၂ဝ၁ဝ ၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts