>Tin Moe – Burmese Life, Way of Life and Poems – Paper

>

 မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း)
တင်မိုး
ဖေဖော်ဝါရီ ၅၊ ၂၀၁၀
စာစီစာရိုက် စေတနာရှင် – ညိမ်းညို (http://nyeinnyo.blogspot.com/ )
၁၉၆၂ခုနှစ်တွင် ဒီမိုကရေစီအရပ်သားအစိုးရကို အာဏာသိမ်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်သော စစ်အစိုးရလက်ထက်တွင် ကဗျာဆရာအများစုသည် ထောက်ခံပါဝင်ခြင်း မပြုခဲ့ကြသည်က များပါသည်။ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သင်းခိုင်၊ အောင်ခြိမ့်စသော ကဗျာဆရာတို့သည် စစ်အစိုးရနှင့် ပူးပေါင်းခြင်းမပြုဘဲ နိုင်ငံတကာ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး ကဗျာဝါဒကို ကိုင်စွဲခြင်း၊ ခေတ်ပေါ်ကဗျာအဖွဲ့အနွဲ့များကို နိုင်ငံတကာမှ မြန်မာပြန်ဆိုလေ့လာကြခြင်း၊ ယနေ့ခေတ်၏ အသံဟုဆိုနိုင်သော ကာရန်မဲ့ရစ်သမ်ကဗျာများ စမ်းသပ်ရေးဖွဲ့ခြင်းနှင့် နိမိတ်ပုံသစ် အလင်္ကာသစ်များကို အားထုတ်ရေးဖွဲ့ခြင်းတို့ ပြုလုပ်လျက်ရှိကြပါသည်။  စာပေစီစစ်ရေးဟူသော ဆင်ဆာဓားချက်အောက်တွင် ကဗျာသည် အသက်ငင်လျက် ရှိပါသည်။

အပြည့်အစုံသို့ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts