>17 Burmese artists to show their contemporary arts in NYC next week
>
မြန်မာ ၁၇ ဦး ရဲ့ ခေတ်ပြိုင်မြန်မာပန်းချီပြပွဲ နယူးယောက်မှာ ရှေ့တပတ်တွင် ပြသမည်
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၃၊ ၂၀၁၀
New York Open Center နဲ့ Interfaith Center of New York ကမကထလုပ်ပေးမှုနဲ့ အမေရိကန်ပြည်ရောက်နေတဲ့ မြန်မာပန်းချီဆရာ ၁၅ ဦးနဲ့ မြန်မာပြည်က ၂ ဦး – ပေါင်း ၁၇ ဦးရဲ့ မြန်မာခေတ်ပြိုင်ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၆ မှ ၉ ရက်အထိ ၀င်ကြေးအခမဲ့နဲ့ ကျင်းပမယ်လို့ ဆိုပါတယ်။ အဲဒီမှာ အသေးစိတ် ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ http://www.opencenter.org/about/our-location/
            အမေရိကန်ပြည်ကြီးမှာ ယခုလို မြန်မာပန်းချီဆရာတွေ အများအပြား အခြေချနေထိုင်နေတယ်ဆိုတာကို ဒီလိုပြခန်းလုပ်ပြမှ ထင်ရှားလာပါတယ်။ ပြီးတော့ သူတို့ရဲ့ အနုပညာလက်ရာတွေကနေ မြန်မာပြည်ရဲ့ ဘ၀၊ လူမှုရှုခင်းနဲ့ နိုင်ငံရေးနမိတ်ပုံတွေကို ဘယ်လိုထင်ရှားအောင် ပြသမယ်ဆိုတာဟာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။
          ဖော်ပြထားတဲ့ ပန်းချီဆရာများ စာရင်းကတော့ သည်လိုပါ –
          ပေါ်သိမ်း (တက္ကဆက်)
          အောင်ကျော်မိုး (နယူးယောက်)
          မောင်မောင်အောင် (နယူးယောက်)
          မင်းကျော်ခိုင် (၀ါရှင်တန်ဒီစီ)
          မျိုးသိန်းထွန်း (နယူးယောက်)
          မင်းအောင်နီ (နယူးယောက်)
          ကိုမျိုး (နယူးယောက်)
          ကြိုင်လင်းနိုင် (နယူးယောက်)
          သန်းဋ္ဌေးမောင် (ပစ္စဘတ်)
          မောင်ကြီးမြင့် (နယူးယောက်)
          မင်းသန့် (ဂျော်ဂျီတောင်း) (နယူးယောက်)
          အောင်မိုးဝင်း (နယူးယောက်)
          ထွန်းမြိုင် (နယူးယောက်)
          မောင်မောင်သိမ်း နဲ့
          ချောအိသိမ်း တို့ ဖြစ်ကြပါတယ်။
          နယူးယောက်က (ကို) ဇော်ဝင်းက သူရဲ့ ပန်းချီပြပွဲအခင်းအကျင်း အတွေ့အကြုံကို ဖောက်သည်ချထားတာကို ဟောဒီက ဘလော့ဂ်မှာ သွားဖတ်ကြည့်နိုင်ပါတယ်။ http://komoethee.blogspot.com/2010/02/blog-post_6583.html
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts