>Aung Way – Ga Done Gyi

>

ကတုံးကြီး
အောင်ဝေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၀
သူဟာ
ဧရာဝတီပေါ်က ကြယ်နီ။
သူဟာ
မြန်မာပြည်ရဲ့ ချာလီချက်ပလင်။
သူ အခု
မြစ်ကြီးနားထောင်မှာ
ဗိုလ်ဝင်ခံနေပါတယ်။
မကြာခင်
သူ စင်ပေါ် ပြန်ရောက်လာလိမ့်မယ် ဆိုတာ
ကျနော်တို့ ယုံကြည်နေပါ၏။
နရသိန်သာ အမိ
နရသိန်သာ အဖ
သူ့ဆီက ဟာသ
ကမ္ဘာက ကြားစေသော်ဝ်။ ။

ဇန်န၀ါရီ ၂၇၊ ၂၀၁၀ – မစ်ရှီဂန်
(ဓာတ်ပုံ – ကိုဇာဂနာနဲ့ မိသားစု ငယ်စဉ်ကဓာတ်ပုံ)
(မိသားစုနဲ့ အချိန်တွေထက် အကျဉ်းထောင်နံရံတွေနောက်မှာ၊ တိုင်းပြည်ရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ နေတဲ့သူ အတွက် အမှတ်တရဓာတ်ပုံပါ – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts