>Kyaw Thu’s FFSS Yangon turns 9 Years and marked with photo competition award

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဘ၀နိဂုံးအဆုံးပုံရိပ် ဓာတ်ပုံပြိုင်ပွဲ – နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်မှာ ဆုပေးပွဲကျင်းပ

မိုးမခအထောက်တော် ၀၀၃၊ ကျော်သူဖေ့စ်ဘွတ်စာမျက်နှာ
ဇန်န၀ါရီ ၂၄၊ ၂၀၁၀
လွန်ခဲ့တဲ့ ၂၀၀၉ စက်တင်ဘာ ၂၈ က နာရေးကူညီမှုအသင်း-ရန်ကုန်က ၎င်းတို့ရဲ့ သဂြိုလ်ပေးတဲ့ အလောင်း ၁ သောင်းပြည့် အထိမ်းအမှတ် အဖြစ် “ဘ၀နိဂုံးအဆုံးပုံရိပ်” အမည်နဲ့ မှတ်တမ်းတင်ဓာတ်ပုံ ပြိုင်ပွဲတခု စတင်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းဓာတ်ပုံပြိုင်ပွဲက ဆုရရှိသူများကို နာရေးကူညီမှုအသင်း-ရန်ကုန် ၉ နှစ်ပြည့်အဖြစ် ယခုလ ၁၇ ရက်က အစည်းအဝေးမှာ ဆုပေးပွဲကျင်းပခဲ့တယ်လို့ ကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

          ရိုက်ကူးထားသော ဓာတ်ပုံများကို အမှတ်စဉ်တပ်၍ အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ပေါ်ပြူလာဂျာနယ်မှ ကိုမျိုး (မြန်မာစာ)၊ ဓာတ်ပုံ (ရွှေအင်းသား) ခင်မောင်လေးတို့မှ ဒိုင်အဖြစ် အမှတ်ပေးရွေးချယ်ခဲ့ကြပြီး ပထမဆု – ဦးကျော်အေး၊ ဒုတိယဆု – ဦးလှမြင့်၊ တတိယဆု – ဦးသက်မော်၊ အထူးဆု – ဦးကျော်အေး၊ ဦးသက်မော်၊  ဦးမျိုးကြည်၊ ဦးကျော်ကျော်၊ မပန်းအိအိစံ၊
နဲ့ ကျော်သူက ဆု ၂ ဆု ရရှိခဲ့တယ်လို့ စာရင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

          ဒီနေရာမှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။ http://www.facebook.com/album.php?aid=141957&id=174427511697#/pages/Kyaw-Thu/174427511697


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts