>Ludu U Hla 100 years in Mandalay
>
သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှ နှစ် ၁၀၀ ပြည့် အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ
မိုးယံမခ၊ မိုးမခဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၀၊ ၂၀၁၀
(လူထုဦးလှ အမှတ်တရသစ်ပင်)
လူထုမိသားစု – စာရေးဆရာ၊ (သား) ညီပုလေးနဲ့ လူထုမိသားစု
အဆိုပါအခမ်းအနားကို မန္တလေးမြို့ ၈၅ လမ်းနှင့် ၃၅ လမ်းထောင့် မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ မြတောင်သာသနာ နှစ် ၁၀၀ ပြည့် ဗိမာန်တော်ကြီးမှာ ၂၀၁၀ ဇန်န၀ါရီ ၁၉ ရက်၊ နံနက်ပိုင်းက လူထုဦးလှ၊ လူထုဒေါ်အမာ၏ မိသားစုဝင်များက ကျင်းပခဲ့ပါတယ်။
          (မြတောင်ကျောင်းတိုက်)
      နံနက်ပိုင်းမှာ မြတောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာကြီးလူထုဦးလှအား ရည်စူး၍ ရေစက်ချ အမျှဝေခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြတဲ့ စာပေ၊ အနုပညာ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ နံနက်စာသုံးဆောင်ပြီးကြတဲ့အခါ ဆရာကြီးလူထုဦးလှ အမှတ်တရ သ၀ဏ်လွှာများ၊ စာတမ်းများ ဖတ်ကြားခဲ့ကြပါတယ်။
ကျော်ရင်မြင့် –          ညီစေမင်း
         စာရေးဆရာကြီး ဆရာဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို စာရေးဆရာထက်မြက် က၎င်း၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးဝင်းတင်ရဲ့ သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်း က၎င်း၊ ဆရာလူထုစိန်ဝင်းရဲ့ စာတမ်းကို စာရေးဆရာ ကျော်ရင်မြင့်က၎င်း၊ ဆရာမ ဒေါ်ကလျာရဲ့ စာတမ်းကို ဆရာမ ၀င်းဝင်းလတ်(နန်းတော်ရှေ့) က၎င်း ဖတ်ကြားခဲ့ကြပါတယ်။ အခမ်းအနားကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
မောင်တင်သစ် – မောင်နီဦး
       “ဦးလေးလှလို ကိုယ်ကျင့်တည်ကြည်ပြီး အလုပ်အများကြီးလုပ်ကိုင်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးမျိုးကို နောက်လူငယ်တွေ စံပြုနိုင်အောင် ဒီလိုအခမ်းအနားမျိုးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်သင့်တယ်” လို့ သတင်းစာဆရာဟောင်းတဦးက ပြောခဲ့ပါတယ်။
ဆရာတော် ဦးပညာ – (ဦး) ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဦးအေးမြင့်
(ဦးအုန်းကြိုင်၊ ဦးဝင်းတင်၊ ဒေါက်တာဇော်မြင့်မောင်)
          နိုင်ငံပိုင်သတင်းစာရဲ့မျက်နှာဖုံးမှာ ပူဇာစ ပူဇာနေယံ “ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါး” ဆိုပြီး မကြာခဏရိုက်နှိပ်ဖော်ပြထားပေမယ့် ဆရာကြီးလူထုဦးလှရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို မူလက မန္တလေးမြို့၊ အိုရီယန်တယ်ဟောက်စ် စားသောက်ဆိုင်မှာ ကျင်းပဖို့ သက်ဆိုင်ရာက ခွင့်မပြုခဲ့တာကြောင့် မြတောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ရတာဖြစ်တယ်လို့ ဒေသခံစာရေးဆရာတဦးက ပြောပါတယ်။
           အခမ်းအနားကို နေ့လည် ၃ နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
ပရိသတ်များ
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts