>NLD appointed 9 new leaders

>

NLD တွင် ခေါင်းဆောင် ၉ ဦး တိုးချဲ့လိုက်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်န၀ါရီ ၁၄၊ ၂၀၁၀


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ခေါင်းဆောင် ၉ ဦးကို တိုးချဲ့ခန့်ထားလိုက်သည်ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ယခင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ခေါင်းဆောင် ၁၁ ဦး ရှိသည်။

ယခု တိုးချဲ့ ခန့်ထားသဖြင့် အမှုဆောင် အဖွဲ့တွင် စုစုပေါင်း ၂၀ ရှိနေကြောင်း တွေ့ရသည်။

အသစ် တိုးချဲ့သည့် စာရင်းတွင်

၁) ဒေါက်တာသန်းငြိမ်း
၂) ဦးအုန်းကြိုင်

၃) ဦးဝင်းမြင့်
၎) ဦးထွန်းထွန်းဟိန်

၅) ဒေါက်တာဝင်းနိုင်
၆) ဦးဉာဏ်ဝင်း

၇) ဦးဟံသာမြင့်
၈) ဦးသိန်းညွန့်

၉) ဒေါက်တာမေ၀င်းမြင့်

တို့ကို တွေ့ရသည်။

၎င်းတို့ အားလုံးမှာ လွန်ခဲ့သည့် အနှစ် ၂၀ က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ တခြား တူညီသော အချက်များမှာ ရန်ကုန်တွင် နေထိုင်ပြီး ရုံးတွင် အချိန်ပြည့် တာဝန်ယူနိုင်ခြင်း၊ ၀ါရင့်ခေါင်းဆောင်ဟောင်း ၁၁ ဦးနှင့် အတိုက်အခံမဖြစ်သည့်အတွက် အဆင်ပြေစွာ လက်တွဲလုပ်ကိုင်နိုင်ခြင်း၊ ခေါင်းဆောင်ဟောင်းများထက် အသက် ငယ်ရွယ်ခြင်း စသည်တို့ ဖြစ်သည်။

၎င်းတို့ ၉ ဦးစလုံးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည်။

အဖွဲ့ဝင် ၂၀ ရှိသော NLD ခေါင်းဆောင်အဖွဲ့တွင် အများစုမှာ အမျိုးသားများဖြစ်သည်။ အမျိုးသမီး ၂ ဦးပါဝင်ရာ ၎င်းတို့မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယခု တိုးချဲ့ တာဝန်ပေးခံရသူ ဒေါက်တာမေ၀င်းမြင့်တို့ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts