>Nyan Si – The New Year Poem that comes a long way

>

အဝေးကြီးက လာရတဲ့ နှစ်သစ်ကူးကဗျာ
ညံစီ
ဇန်န၀ါရီ ၁၁၊ ၂၀၁၀
 

(၁)
မကောင်းသမျှ တာရှည်
မကြာမီ ဝေးကြပါတော့မယ်
ကဗျာစီရေးပါလို့ ဆုမွန်ခြွေ။ 
(၂)
ကျွန်တော်တို့ပြည်
ချမ်းသာမှုကိုတဲ့
မျှော်လို့ရည်
မှန်းကာရှုကြပါတော့
ပေါင်းစုကြ ညီနောင်တတွေ 
(၃)
နှစ်ထောင်ကိုးဟာ လက်ပြလို့ ကျန်ပြီမို့
နောင်အကျိုးဖြာ
ဆက်ကြဖို့ အမှန်ခရီးမှာဖြင့်
ရန်မီးတွေက ဝေးပါစေ
အေးတာရှည်ပေါ့ တို့ပြည်သူအပေါင်း။ ။ 
(၄)
တောင်းဆုခါခါ၊ အကြောင်းပြုကာ
အရောက်တပင် လှမ်းကြပါစို့
နှစ်ထောင့်တဆယ်လမ်း
ပျောက်ကွယ်လို့ မစမ်းရအောင်
ပန်းသမျှ၊ ကြမ်းသမျှ
စခန်းချခဲ့ပါတော့
မှန်းဆ၊ လှမ်းကြပါစို့
နှမ်း အမတကိုတဲ့ အောင်စေကြောင်း
စန်း လကိုဖြင့် ညောင်ရေလောင်း။ ။

ဒီဇင်ဘာ ၃၁၊ ၂၀၀၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts