>We are because They Are – Documentary on Burmese in overseas came out

>

“သူတို့တွေကြောင့် ငါတို့ …” အမည်ရ ယူကျုမှတ်တမ်းရုပ်မြင် ထွက်ရှိ

မိုးမခအထောက်တော် ၀၀၃
ဇန်န၀ါရီ ၈၊ ၂၀၀၉
၁၉၈၈ နောက်ပိုင်း မြန်မာပြည်၏ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူအများအပြား ပြည်ပသို့ ထွက်ပြေးခဲ့ကြရပြီး နိုင်ငံခြားတိုင်းပြည်များတွင် ထောင်၊ သောင်းချီ၍ အခြေချနေထိုင်လျက်ရှိသည်။ ထို ပြည်ပရောက် မြန်မာမိသားစုများ တပါးတိုင်းပြည်တို့၏ လူနေမှုစနစ်အောက်တွင် နေထိုင်အသက်မွေးမြူရင်း မိခင်မြန်မာပြည်၏ လူနေမှုဘ၀တို့နှင့် ဝေးကွာနေရပုံ၊ သို့မဟုတ် အထူးအားထုတ်ပြီး မွေးမြူထိန်းသိမ်းနေကြပုံကို သည်မှတ်တမ်းမှာ တွေ့နိုင်သည်။ ရိုက်ကူးသူမှာ – the son of peasants လယ်သမားသား ဟု ဆိုထားသည်။ ဒီနေရာမှာ သွားရောက် ကြည့်ရှုနိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts