>Regime’s ISP relaxed on Blogspot.com

>

တားမြစ်ထားသည့် blogspot.com ၀က်ဆိုက်များပွင့်နေ
တင့်လွင်၊ ရန်ကုန်
ဒီဇင်ဘာ ၅၊ ၂၀၁၀
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း အပြီး သံဃာနှင့် လူထုလှုပ်ရှားမှုများကို နိုင်ငံတကာမှ သိရှိအောင် မှတ်တမ်းတင်ပေးခဲ့သည့်နောက် တိုက်ရိုက်ကြည့်ရှုမရအောင် ပိတ်ပင်ထားသည့် http://….blogspot.com ၀က်ဆိုက်များ ယခုရက်ပိုင်း တိုက်ရိုက် ပြန်ဝင်ကြည့်နိုင်နေသည်ဟု သိရသည်။
နအဖ အစိုးရ၏ အင်တာနက် ၀န်ဆောင်မှုပေးသည့် ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးတို့တွင် ၂နှစ်ကျော်ကြာ တောက်လျောက်တားမြစ်ထားသည့် blogspot.com ကို ထူးဆန်းစွာ ပြန်လည်ဖွင့်ထားပေးခြင်းကို အင်တာနက်သုံးစွဲသူများက အံ့အားသင့် လျက်ရှိကြသည်။
အချို့သော အိုင်တီ ကျွမ်းကျင်သူများကမူ ယခုလိုပြန်ဖွင့်ထားခြင်းသည့် မတော်တဆ မဖြစ်နိုင်ပဲ ပြည်တွင်းမှ ဘလော့ရေးသူများ အနေဖြင့် နိုင်ငံရေး ဘလော့ဆိုက်များနှင့် ဆက်စပ်မှုရှိမရှိကို နောက်ယောင်ခံလိုသည့် ရည်ရွယ်ချက်မျိုးရှိနိုင်သည်ဟု ဝေဘန်ပြောဆိုသည်။ ထို့အတွက်ကြောင့် blogspot.com
          အကောင့်ကို ပြည်တွင်း သတင်း ရေးသားသူများ အနေဖြင့် တိုက်ရိုက်မသုံးသင့်ပဲ ယခင်ကဲ့သို့ ပရောက်စီ ခံပြီးသာသုံးသင့်သည်ဟု အကြံပြုပြောဆိုသည်။
ကမ္ဘာတွင် အထင်ရှားဆုံး အင်တာနက်ကုမ္ပဏီကြီး ဖြစ်သည့် Google ၀န်အခမဲ့ ၀န်ဆောင်မှု ဘလော့ ၀က်ဆိုက်ဖြစ်သည့် blogspot.com အား မြန်မာဘာသာ ဘလော့ ရေးသားသူ အများစုက သုံးစွဲနေကြပြီး အချို့တ၀က်မှာ နိုင်ငံရေးနှင့် သတင်းများကို ပြန်လည်ကူးယူဖေါ်ပြသည့်ဝက်ဆိုက်များ ဖြစ်ကြသည်။
ထိုအထဲတွင် ထင်ရှား လူသိများသည့် blogspot.com ၀က်ဆိုက်များမှာ http://soneseayar.blogspot.com , http://nicknayman.blogspot.com , http://drlunswe.blogspot.com  , http://ko-htike.blogspot.com စသည့် ၀က်ဆိုက်များဖြစ်ပြီး အဆိုပါဝက်ဆိုက်များတွင် နအဖ စစ်အစိုးရအား ဝေဘန်ရေးသားသည့် သတင်း၊ သတင်းဓါတ်ပုံနှင့် ဆောင်းပါး ဖေါ်ပြထားလေ့ရှိသည်။
ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ လူငယ်အင်တာနက် သုံးစွဲသူများက ၄င်းတို့ လက်လှမ်းမှီသမျှ သတင်းနှင့် ဓါတ်ပုံများကို ပြည်ပသတင်းဌါနများသို့၎င်း၊ အထက်ပါ ဘလော့ဆိုက်များ သို့၎င်းပေးပို့ခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts