>Triple One Buddhsit Group went for New year trip

>

စင်္ကာပူ တစ်သုံးလုံး ဘုရားဖူးအဖွဲ့ နှစ်သစ်ကူးခရီးထွက်
မိုးမခဓာတ်ပုံသတင်း၊ ဂျစ်တူးမောင် (မုံရွာ)
ဇန်န၀ါရီ ၂၊ ၂၀၀၉
          ယမန်နေ့က နှစ်ဆန်း ၁ရက်မှာ စင်္ကာပူနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစု မိတ်ဆွေများကို တစ်သုံးလုံးဘုရားဖူးအဖွဲ့က စီစဉ်ထားတဲ့ မော်တော်ကားကြီးများဖြင့် တနေ့တာ ဘုရားဖူးနဲ့ လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။

 
          နံနက်ခင်းမှာ စင်္ကာပူဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (ကျောင်းကြီး)မှာ စုဝေးကြပြီး ဆရာတော်များရဲ့ အန္တရာယ်ကင်းပရိတ်တရားများနာကြားကြပြီး လာရောက်ကြသူ ဧည့်သည်တော်များနဲ့အတူ သံဃာတော်များကို ဆွမ်းဆန်လောင်းကြပါတယ်။ နေ့ခင်း ၁ နာရီမှာ စတင်ပြီး ဘုရားဖူး ခရီးထွက်ကြပါတယ်။ နေ့စွဲက ၁ ။ ၁။ ၀၁ နဲ့ နေ့ခင်း ၁ နာရီ ဆိုတော့ တစ် ၄ လုံး လို့တောင် ပြောလို့ ရမယ်လို့ ပြောကြပါတယ်။

          ရွှေကျောင်းဆရာတော်ကို ဖူးမျှော်ခဲ့ကြပါတယ်။

 

          မြန်မာပြည်က သံဃာတော်များ လိုက်ပါသူ နည်းပေမယ့် မြန်မာဧည့်သည်တွေရဲ့ ဦးရေကတော့ များတယ်လို့ ဆိုပါတယ်။ အသက် ၈၀ ကျော် ဖွားဖွားတွေလည်း ဘုရားဖူးခရီးကို ပျော်ပျော်ပါးပါး လိုက်ပါလာကြတယ်လို့ ဆိုပါတယ်။
          ဘုရားဖူးနဲ့ လေ့လာရေးခရီးထွက်သူ ဦးရေက ၃၀ နီးပါး ရှိတာကြောင့် ရေသန့်စက်ရုံကို ၀င်ရောက်လေ့လာချိန်မှာ အလွန် စည်ကားနေတာကို တွေ့ရပါတယ်။ ရေသန့်စက်ရုံကလည်း များပြားလှတဲ့ မြန်မာဘုရားဖူးတွေကို ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးလိုက်ပါသေးတယ်။

          ဘုရားဖူးဧည့်သည်တော်တွေကို အုပ်စုဓာတ်ပုံရိုက်တဲ့နေရာမှာ ၃ စု ခွဲပြီး မှတ်တမ်းတင် ရိုက်ကူးခဲ့ရပါတယ်။ တစ်သုံးလုံး ဘုရားဖူးဧည့်သည်တော်များကို ဘုရားဖူးစီစဉ်သူများက ဓမ္မဒါနစာအုပ်ငယ်လေး ပေးအပ်ခဲ့ပါတယ်။

          နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts