>U Ba Ka Lay died on Dec 29th

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ကာတွန်းဆရာကြီး ဦးဗကလေး အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝဝ၃
ဇန်နဝါရီ ၂၊ ၂ဝ၁ဝ

ကာတွန်းဆရာကြီး ဦးဗကလေးသည် အင်္ဂါနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဟု သိရသည်။

ဦးဗကလေးသည် အစိုးရသတင်းစာတွင် ဖော်ပြမည့် ကာတွန်း ၄ ကွက်၊ ကနောင်ဂျာနယ်အတွက် ကာတွန်း ၁ ကွက်တို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ရေးဆွဲခဲ့ကြောင်း၊ ကာတွန်းများ အားလုံး ပြီးဆုံးတော့မည့် အချိန်တွင် လေသင်တုန်းရောဂါစတင်ဖြစ်ပွားခဲ့ကြောင်း သူ၏ မိသားစုကို ကိုးကားပြီး ယခုတပတ်ထုတ် The Voice ဂျာနယ်တွင် ရေးသားထားသည်။

ထို့နေ့တွင် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် ကုသမှု ခံယူခဲ့ရာ ၅ ရက်အကြာတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ရွှေချောင်းပြင်ကျေးရွာ ဇာတိ ဦးဗကလေးသည် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှ စတင်၍ စာနယ်ဇင်းများတွင် ကာတွန်းဆွဲခဲ့သူဖြစ်သည်ဟု The Voice ဂျာနယ်တွင် ရေးသားထားသည်။

ကာတွန်းလောကတွင် ဦးဗကလေး (၁၉၁၈-၂ဝဝ၉)နှင့် အမည်တူသည့် ကာတွန်းဆရာကြီးတဦး ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကာတွန်းဆရာ ဦးဘကလေး (၁၈၉၃ – ၁၉၄၅) ဖြစ်သည်။ အသက် ၅ဝ ကျော်အရွယ်တွင် ကွယ်လွန်ခဲ့သူ ထိုဦးဘကလေးသည် ရုပ်ရှင် ဇာတ်ကား များစွာတွင်လည်း သရုပ်ဆောင်ခဲ့ပြီး နိုင်ငံကျော် “ဦးရွှေရိုး အက” ကို တီထွင်ခဲ့သူ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts