Uncategorized

Walmart helps US man find love


Wal-Mart မှာ စတွေ့တယ်၊ Wal-Mart မှာ လက်ထပ်တယ်
ဘာသာပြန်သတင်း
ဇွန် ၂၄၊ ၂ဝ၁၃
အဖိုးနှုန်း သက်သက်သာသာ ရှိသည့်နေရာသို့ သူတို့ ရောက်လာသည်၊ ထို့နောက် ဘဝ တသက်တာ အတူတကွ နေထိုင်သွားကြလေသည်။
အမေရိကန် ပြည်ထောင်စု North Carolina ပြည်နယ်ရှိ Wal-Mart ကုန်တိုက်တွင် စတင် တွေ့ဆုံခဲ့သည့် စုံတွဲတတွဲသည် လက်ထပ်ထိမ်းမြားသည့် နေရာအတွက် ထိုကုန်တိုက်ကိုပင် ရွေးချယ်လိုက်ကြသည်။
Wayne Brandenburg အမည်ရှိ သတို့သားက CNN သတင်းဌာနသို့ ပြောဆိုရာတွင် သူ့ဇနီးဖြစ်လာမည့် Susan သည် ထိုကုန်တိုက်ရှိ ငွေရှင်းကောင်တာတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။
တွေ့တဲ့နေ့က သူ့ကို နေကောင်းလား၊ ကြည့်လို့ အရမ်းကောင်းတာပဲ ဆိုပြီး နှုတ်ဆက်စကား ပြောလိုက်တယ်ဟု သူက ရှင်းပြသည်။
ထိုစဉ်က Wayne Brandenburg သည် မုဆိုးဖို။ Susan သည် ကွာရှင်းပြတ်စဲထားသူ။
Susan ကို သူက အပြင်မှာ ချိန်းတွေ့သည်။ Susan လက်ခံသဖြင့် အဝစား တရုတ်စားသောက်ဆိုင်တွင် ညစာ စားကြသည်။
ထိုညနေပိုင်း Susan သက်တောင့်သက်သာ ရှိစေရန် သူတို့နှစ်ယောက်စလုံးက မြေးကိုယ်စီ လက်ဆွဲပြီး သွားကြခြင်း ဖြစ်သည်။
ပထမဆုံးအချိန် ချိန်းတွေ့ကြပြီးနောက်တွင် သူက Susan ကို ချစ်ခွင့်ပန်သည်၊ Susan အကြိုက်ဆုံး နေ့လယ်စာကို ကုန်တိုက်သို့ နေ့တိုင်း သွားပို့လေသည်။
သူက တကယ့်ကို လူကြီးလူကောင်းပါပဲ။ ဒါနဲ့ပဲ ကျမလည်း သူ့ကို မျှော်ရတဲ့သူ ဖြစ်လာတာပေါ့” ဟု Susan က ဆိုသည်။
သူတို့နှစ်ဦး၏ ဇာတ်လမ်းက အတော်လေး ထူးဆန်းနေသည်ဟု ယူဆရစဉ်မှာပင် ထိုဇာတ်လမ်းမျိုးက ဖြစ်ရိုးဖြစ်စဉ်ဟု လေ့လာချက်တစ်ခုက ဆိုလာသည်။
Psychology Today says Wal-Mart is the most popular place for Americans to fall in love at first sight.
Psychology Today ၏ အဆိုအရ Wal-Mart ကုန်တိုက်သည် အမေရိကရှိ မြင်မြင်ချင်းပဲ ချစ်မိတယ် ဟူသော ဖြစ်ရပ်မျိုး အများဆုံး ပေါ်ပေါက်သည့်နေရာဖြစ်သည်ဟု ဆိုသည်။
မျှော်လင့်ချက် မဆိုစလောက်ပဲထားရင် ချစ်သူရှိလာမှာပဲ ဆိုပြီး ပြောကြရာကနေ Wal-Mart သွားရင် ချစ်သူရှိလာမှာပဲ ဆိုပြီး ဖြစ်လာနေပြီ ထင်တာပဲ ဟု
Wal-Mart ပြောခွင့်ရ အရာရှိ Ashley Hardie က ဆိုသည်။
တနှစ်အကြာတွင် Wayne က လက်ထပ်ခွင့် တောင်းသည်။ Susan လက်ခံသော်လည်း ၆ နှစ်ကြာသည်အထိ တရားဝင် လက်ထပ်ခြင်း မရှိခဲ့ပေ။
မည်သည့်နေရာတွင် လက်ထပ်မည်နည်း ဆိုသည်ကို တိုင်ပင်ကြရာ Wayne က သူတို့နှစ်ဦး ပထမဆုံး ဆုံတွေ့သည့်နေရာကို ရွေးရန် စိတ်ကူးပေါက်လာသည်။
ကျွန်တော် ပထမပြောလိုက်တုန်းကတော့ ရယ်စရာအဖြစ် ပြောလိုက်တာပါပဲ။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ပထမဆုံး တွေ့ခဲ့၊ ပထမဆုံး ချိန်းတွေ့ဖို့ သဘောတူခဲ့တဲ့ နေရာလည်း ဖြစ်တယ်၊
ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အများစု အလုပ်လုပ်တဲ့ နေရာလည်း ဖြစ်တယ်။ ဒါနဲ့ပဲ ကျွန်တော်တို့က ကုန်တိုက်ကို ခွင့်တောင်းတော့ ကျွန်တော်တို့ ခွင့်ပြုချက် ရပါတယ်
မင်္ဂလာပွဲအတွက် ကိတ်မုန့်လည်း Wal-Mart ရဲ့ မုန့်ဆိုင်ကနေ လာပါတယ်။

 


Eric Pfeiffer ရေးသားပြီး Yahoo! News တွင် တွေ့ရသည့် အထက်ပါသတင်းကို မိုးမခအတွက် သာလင်း ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts