>Zay Hmine – Pon Zan !!!

>

တူဇင်  … ပုံစံ …
ဇေမှိုင်း
ဒီဇင်ဘာ ၂၈၊ ၂၀၀၉

          ပုံစံ ထိုင်ထားမယ်
          ကမန်းကတမ်းထထိုင်, စောင်ကို ပုခုံးအထိခြုံ တင်ပျဉ်ခွေ ထိုင်ထား၊
          စကားပြောသံအချို့နှင့် အတူ တိုင်ဝင်းတာဝန်ခံ စိန်ဘွား ဖြတ်လျှောက်သွား၊
          အခန်းဖေါ် ကောင်လေးကတော့ စောင်ခြုံလျှက်ပင် ကွေးကွေးလေး ပြန်အိပ်ပျော်သွားပြီ၊၊
          ရောင်နီမလာသေး အနည်းငယ်စောသေးသည်ထင့်၊၊ ကိုယ်က သံဇကာ ဆနွင်းမကင်းကွက်ကလေးများကြားက တောင်ယာစိမ်းစိမ်းလေးကို လှမ်းငေးကြည့်နေသည်၊၊

          ဟေး ရဲဘော်လေး မောနေပြီလား? ပေး ပေါက်တူး ကိုယ်ဆက်ပေါက်မယ်