>spdc’s prison magazine

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အကျဉ်းဦးစီးဌာနက ထောင်မဂ္ဂဇင်းထုတ်ပြီ
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၂၁၊ ၂ဝဝ၉


နရသိန် ဟု အမည်ပေးထားသော မြန်မာနိုင်ငံ အကျဉ်းထောင်များအကြောင်း ပါဝင်မည့် မဂ္ဂဇင်းတစောင်ကို အာဏာပိုင်တို့က ထုတ်ဝေလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်က မဂ္ဂဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တွင် ထုတ်ဝေသည့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖော်ပြထားသည်။

“စာဖတ်ပရိသတ်များ သုတ၊ ရသများ ရရှိ ခံစားနိုင်စေရန်အတွက် အဘက်ဘက်က ပြည့်စုံအောင် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားကြောင်း ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

၂၀၁၀ ဇန်နဝါရီလထုတ် နရသိန်ကို မဂ္ဂဇင်း မိတ်ဆက်ပွဲတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့ ထောင်များ၊ ရဲဘက်စခန်းများတွင် သောက်ရေအတွက် ရေသန့်စက်များ တပ်ဆင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သတင်းထောက်များကို ပြောခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts