>Burmese Helping Burmese Fund – donated 20,000 US$ for the year 2009

>

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ်
၂၀၀၉ နှစ် အလှူငွေ အမေရိကန်ဒေါ်လာ ၂ သောင်းဖြင့် စာရင်းချုပ်
မိုးမခ
ဒီဇင်ဘာ ၁၅၊ ၂၀၀၈
          ၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။  ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် – Burmese Helping Burmese – မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။

          ၂၀၀၉ ခုနှစ်အတွင်းမှာ လစဉ် ပုံမှန်လှူဒါန်းသူများ၊ မိုးမခရဲ့ စာအုပ်၊ စာတမ်း၊ စီဒီများ ရောင်း၇ငွေ စသည်တို့ဖြင့် ဆက်လက်ပြီး ရန်ပုံငွေအလှူလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာမှာ စုစုပေါင်းအလှူငွေ ဒေါ်လာ ၂ သောင်း ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။ ၀ိုင်းဝန်းလှူဒါန်းကြသူ မြန်မာမိသားစုများ၊ ရဟန်းသံဃာတော်များကို ဒီနေရာကနေ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။
          ၂၀၀၇ ခုနှစ်တုန်းက ရန်ပုံငွေ အမေရိကန် ဒေါ်လာ (ခြောက်သောင်း၊ ရှစ်ထောင်၊ သုံးရာ ဒဿမ ခုနှစ်ဆယ့်ခြောက်) ၆၈၀၃၀၇.၇၆ ရရှိခဲ့ပြီး ဝေယျဝစ္စ စာရိတ်မရှိဘဲ ပြည်တွင်းကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၀၈ နှစ်ကုန်ခါနီး စာရင်းအရ ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ (နှစ်သောင်း ခြောက်ထောင် နဲ့ ခုနှစ်) ၂၆၀၀၇.၀၀ နှင့် နာဂစ် ကူညီမှု ရန်ပုံငွေ (နှစ်သောင်း) ၂၀၀၀၀.၀၀ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း (လေးသောင်း၊ ခြောက်ထောင်နဲ့ ခုနှစ်) ၄၆၀၀၇.၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts