မာမာအေး

Mar Mar Aye – Articles

ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်  – အမှတ် (၄၈၆) ပန်းချီနဲ့ ဂီတ
မာမာအေး
ဇွန် ၂၅၊ ၂၀၁၃


သောတရှင်များ ကျန်းမာတော်မူကြပါရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံးမာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသားကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ ကိုယ့်တိုင်းကိုယ့်ပြည်ကို၊ ဧည့်နေဧည့်ခါးဘ၀မျိုး ဗမာပြန်လာရတဲ့အရင်တခေါက်က အမိကျောင်းတော်ကြီးမရမ်းခြံမှာငယ်က သူငယ်မတွေနဲ့အတူ ကျေးဇူးရှင်ဆရာမကြီးတွေကို ပူဇော်ကန်တော့ပွဲကျင်းပကန်တော့ခွင့်ကြုံခဲ့ပါတယ်။ ကိုယ်ကျောင်းတက်ခဲ့စဉ်က နေ၊ ခုချိန်ထိမျက်နှာသိဆရာမကြီးတချို့ကိုသီးသန့်ဝတ္ထုငွေလှူနိုင်တာလောက်ထပ်လှူရင်းဝမ်းသာတယ်။ ကျောင်းအုပ်ဆရာမကြီးအခန်အလှပြဘီယိုလေးထဲမှာ ဖုံမသုတ်လို့ မှုန်ကုတ်ကုတ်ရီမှိုင်းမှိုင်း ကိုယ့်ကဗျာရွတ်တံချွန်စိုက်ဒိုင်းကို ရေဆေး၊ အမှတ်တရဓာတ်ပုံလေးရိုက်၊ နှစ်တွေကြာလို့အမှိုက်ဖြစ်သွားမယ့်ကိုယ့်လက်ရာပန်းချီကားလေးတွေကိုတွေးဆ၊ ကိုယ်ရေးလို့မရတော့ပြီးဘဲလို့ မျက်ရည်ဝဲမိချင်ခဲ့တယ်။ ပန်းချီသင်ပေးတဲ့ ဒုတိယဆရာမဟာ ကိုယ်ငယ်ငယ်ကပုံကိုလက်ဆောင်ဆွဲလာပေးလို့ ဝေဒနာပေါ်ခဲ့တာပေါ့။ မာအေးတို့ကစံပြကျောင်းမို့၊ ဂီတသင်တယ်။ ပန်းချီလဲသင်ခဲ့ရပါတယ်။
ဒီလိုပန်းချီးရောဂွပြန်ထတုန်းမှာ၊ ချင်းချောင်းနန်းတော်ကြီး အောက်ထပ်မှာကျင်းပမယ့် အမျိုးသမီးသီးသန့် ပန်းချီပြပွဲတက်ရောက်အားပေးပါလို့ လာဖိတ်ပါတယ်ရှင်၊ “မစွန်းရင်ရှိတဲ့သူမှာ ကံဇွန်းခင်းငြိ” တယ်ဆိုပါတော့၊ အိမ်နဲ့လဲနီးလေတော့ရောက်သွားတာပေါ့ရှင်၊ အမကြီးတွေညီမလေးတွေရဲ့ ပန်းချီလက်ရာ စုံကို ကြည့်ပြီး အားဘဲကျနိုင်ပါတော့တယ်။ နာမည်ကျော်ပန်းချီးအနုပညာရှင်ဆရာဦးလွန်းကြွယ်နဲ့မိသားစုလဲ တွေ့ရပါတယ်။ နောက်ပန်းချီဆရာကြီး ဦးသက်ညွန့်နဲ့လဲ ဆုံရပါတယ်။ ဒီဆရာကြီးက ရုပ်ရှင်မင်းသမီးကြီး ဒေါ်တင်တင်မူကို အကြောင်းပြုပြီး မုဒုံမြို့သင်္ကြန်ပွဲမှာ သွားကူညီကြတုန်းက အတူသွားဖူးတဲ့အကြောင်းပြန်ပြောပြမှ သတိရမိပါတယ်။ ဂီတစာဆိုတေးသံရှင်ကိုတင်အောင်သန်းတို့နဲ့ ညမအိပ်ခင် မဟာဂီတသီချင်းတွေဆိုတီး ခံစားနေကြတဲ့အခါ တပုဒ်ကဆိုတီးအ၀င်အထွက် မညက်မညော ဖြစ်နေတာကို ကြားတဲ့မာအေးက အိပ်ယာကထလာပြီး ကောက်ဆိုပေးလိုက်တာနဲ့ ဦးတယောလဲချောနေအောင်လိုက်ထိုးနိုင်ခဲ့တာကို မမေ့ဘူး တဲ့။ အဲဒီအခါကလို စိတ်ေ။ကျနပ်အောင် တယောထိုးဖြစ်တာမျိုးပြန်မရဘူးလို့ပြောပါတယ်။ အော် ပန်းချီဆရာကြီးနဲ့ ဂီတခံစားမှုနဲ့ ဂီတသမားရဲ့ပန်းချီသဘောထားကူးယှက်သွားခဲ့တောပေါ့ရှင်။
မာအေးမှာ သံယောဇဉ်ကြီးတဲ့ပန်းချီကားတချပ်ရှိပါတယ်။ မအေးတို့ခေတ်ပေါ်တေးဂီတ ကောင်စီအမှုဆောင်တာဝန်ယူထားချိန်က ခေတ်အသီးသီးက နာမည်ကျော်ဂီတ အမိအဖများရဲ့ ပုံတွေကို ရှာဖွေပန်းချီဆွဲထိမ်းသိမ်းပြသထားဘို့ စီစဉ်ကြတဲ့အခါ၊ ပန်းချီပန်းပု ကောင်စီ ကလဲ ကူညီပံ့ပိုးရေးဆွဲပေးခဲ့ပါတယ်။ မာအေးက အမေမကြည့်အောင်နဲ့ အမကြီး မိုးဒေ၀ါမလှရွှေရဲ့ ပုံတူပန်းချီကားအတွက် အကုန်ကျငွေကို ကိုယ်တိုင်စိုက်ထုတ်ရေးဆွဲစေပြီး ဂီတကောင်စီဧည့်ခန်းမမှာ ချိတ်ဆွဲထားခဲ့ပါတယ်။ အမေ မကြည်အောင်ပုံက မတွေ့တော့ပါဘူး။ “၈၈” အရေးအခင်းမှာမှာ ဂီတ – ကောင်စီပျက်သှဉ်းခဲ့လို့ ပြန်ဖြုတ်သိမ်းခဲ့ရတဲ့ အမကြီးဒေါ်လှရွှေပုံတူဟာ အရွှေ့အပြောင်း အထိအခိုက်တွေများ၊ ရာသီဥတုဒဏ်ခံနိုင်မယ့်မွမ်းမံမှုလဲ မပြုခဲ့ကြတာကြောင့် အက်ကွဲကြောင်းလေးတွေလိုတောင်မြင်ရတာနဲ့ ဘယ်လိုဆက်ထိမ်းသိမ်းရမလဲ၊ ဘယ်သူ့လက်ရာလဲ၊ ပန်းချီနဲ့ပတ်သက်သူတွေ့တာနဲ့ မေးဖြစ်တော့တာဘဲ၊ အဖြေမရှိခဲ့တာကြာပါပြီ။
မာအေးက ပန်းချီဝါသနာရှိတော့ ပန်းချီဆရာအသိတွေလဲရှိတာပေါ့ရှင်၊ ဆရာကြီးဦးငွေကိုင်ဆီလဲရောက်ဖူး တယ်။ ဦးဘရင်လေးနဲ့လဲခင်ခဲ့ တယ်။ ရှုမ၀မဂ္ဂဇင်းက ပန်းချီကိုဘေး၊ ဘလုံလေး၊ လှမိုးတို့ လက်ရာတွေလဲ သဘောကျခဲ့တယ်။ ခေတ်သစ်ပန်းချီကျော်ဆိုတဲ့ ကိုခင်မောင် ရင်၊ ပေါ်ဦးလက်တို့နဲ့လဲရင်းပါတယ်။ ပန်းချီမောင်ငွေထွန်းတို့ ပန်းချီးသောင်းဟန်တို့က မောင်နှမလိုဘဲ၊ မောင်ကျော်ညွန့်ကတော့ မာအေး ထုတ်တဲ့ ကက်ဆက်ကာ ခါတိုင်းရေးပေးခဲ့တာ “တင်လှဝင်း” ကိုလဲ “တင်”ဆိုတဲ့နောက်ဆုံး နာမည်တလုံးမထည့်ခင်က ခင်ပြီးသာပါ။ မာအေးရဲ့လုပ်ငန်းတံဆိပ်ကလေးဟာသူပြန်ဖြည့်ပေးတဲ့ ဒေါင်းရုပ်အခြေနေရာကလေးပေါ့။ သူနဲ့ ခု ပထမပြန်ရောက်တဲ့ အချိန်မှ ပြန်တွေ့ပါတယ်။ ချစ်စရာကောင်းတဲ့ မောင်ငယ်လေး တင်လှဝင်းတင်ဟာ လူလုံးနည်းနည်းတုတ်လာတာကလွဲလို့ ဘာမှ မပြောင်းလဲပါဘူး။ ပန်းချီးရူး မာအေးနဲ့တော့ အကိုက်ပဲ၊ ဒေါ်လှရွှေပန်းချီးကားပြင်ဆွဲတယ်။ ပျက်မှာစိုးလို့ဆို ပြောပြတော့ လူလာကြည့်ပါတယ်။ ဆေးဝယ်လာပြီးပြင်ပေးမယ်လို့ပြောသွားခဲ့တယ်။
အရင်တခေါက်မပြန်ခင်မှာ ပန်းပုပညာရှင်လေး ကျောင်းမင်းဆိုတာ ဖုန်းဆက်လာပါတယ်။ မာအေးပုံတူ ရုပ်လုံးထုဘို့လောကနတ်ပ်းချီခန်းကို ကြွလာပေးပါတဲ့။ မအေးပုံတူပန်းပုထုမယ် ထုမယ်နဲ့ပြောခဲ့တဲ့ ဆရာကြီး ဦးလွင်လဲ မထုဖြစ်ခဲ့ဘူး။ ဆရာကြီးဦးစိုးတင့်လဲ မလုပ်ဖြစ်ခဲ့ ဘူးလေ။ ဒီလူငယ်ကလေးအုပ်စုက ပန်းချီးပြန်ပွဲနဲ့ အတူ ထုဆစ်မှာဆိုတာနဲ့ စိတ်ကပါသွားပါတယ်။ မာအေးရဲ့တေးအတွဲ (၉) စိန်စီသောတေး တပုဒ်ကပါ တွေ့ဖူးရတယ်။ (ကက်ဆက်ခေတ်က အပိတ်ခံရတဲ့ မာအေးဆိုင်က ပြဇာတ်ခွေမှာ သရုပ်ဖော်ပြန်းချီးရေးဆွဲပေးမိလို့ ပြသနာပေါ်ခဲ့တဲ့ ငှက်ပျောသီးဇော်ဝင်းနဲ့လဲ ပြန်ဆုံရသေးတယ်ဆိုတော့ သွားတိုင်ပေးရတာတန်ပါတယ်နော။
“တင်လှဝင်းထင်”ဆိုတဲ့ ပန်းချီမောင်ကလေးဟာ ပြောထားတဲ့အတိုင်း စိတ်ရှည်လက်ရှည်လာပြီး ဆေးသုတ်ဖုံထုတ်လုပ်ပေးပါတယ်။ သူလာတဲ့အခါ “ရွှေမင်းသား”လဲ ပါလာတတ်ပါတယ်။ မာအေးအတွက် ကတီပါဆေးရိုက်ပန်းချီတကားနဲ့ သူအသံလွှင့်ဖူးတဲ့ သီချင်းလေးတွေ နားထောင်ဘို့ ပေးခဲ့လေရဲ့။ 
(တင်လှဝင်းထင်) ကြာဖက်ကလေးလို ကြာပဒုံနားမှာပွင့်လာတဲ့ လေးတခုလို တွယ်တာမှုပေါင်းများစွာနဲ့ နွေမိုးဆောင်းနှစ်လတွေ ပြောင်းပေမယ့်လဲ ချစ်အရိပ်ယောင်လေးတောင် သူက မပြခဲ့ပါလားကွယ်။ 
မိုးသက်မုန်တိုင်းကျရင်၊ ကြာဖက်ကလေးက ကွယ်ဝှက်ပေးရပါတယ်ကွယ်။ ပျားပိတုန်းတွေက ၀တ်ရည်ဝတ်ဆံယူသော်လဲ ပျံဝဲကာ သွားတော့ကွယ်၊ ကြာဖက်လိုကိုယ့်ဘ၀မျိုးက တသက်တဘ၀မှာ အသက်မကချစ်ရပါတယ်ကွယ်… မိုးယံလယ်၊ ကြွေကျတာ ကိုယ့်ဘ၀ကိုအေးမြကြည်လင်တယ်။ ရှိပါစေတာ့ ကိုယ့်ရင်ထဲက မေတ္တာတွေရယ်၊ ပန်းကြာလေးပမာ လန်းဖြာအေးစရာကြာဖက်ဘ၀နဲ့ ချစ်နေပါမယ်ကွယ်။ နွေမိုးဆောင်းနှစ်လတွေပြောင်းပေမယ့်လဲ ချစ်အရိပ်ယောင်လေးတောင်သူက မပြခဲ့ပါလားကွယ်….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts