>MoeMaKa News Follow Up

>

မိုးမခ နောက်ဆက်တွဲ သတင်းများ
ခန့်မင်းထက်၊ ဆေးကောင်စီ
မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၃၊ ၂၀၀၉
ယမန်နေ့က ဖော်ပြခဲ့သည့် အောက်တိုဘာလ ဖမ်းဆီးခံလူငယ်များ ဦးရေ ၂၀ ခန့်လွတ်မြောက်လာသည့် သတင်းတွင် လွတ်မြောက်လာသူ တဦးမှာ ခန့်မင်းထက်လည်း တဦး အပါအ၀င် ဖြစ်သည်ဟု ကြားသိရပါသည်။
ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးကြည်စိုး ပေါ့လျော့မှုကို မြန်မာနိုင်ငံဆေးကောင်စီက အရေးယူရန် အောက်ပါအတိုင်း ဆုံးဖြတ်သည်ကို လက်ခံရရှိပါသည်။
       
          ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးဆေးခန်း တခုတွင် လူနာ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်


(၁) ခွဲစိတ် ကုသခဲ့သော ဆရာဝန်ကြီးသည် –
(က) လုပ်မှား ကိုင်မှား ဆုံးဖြတ်ချက် မှားခြင်း (Clinical Mistakes)
(ခ) လူနာ လုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှု အားနည်းခြင်း (Preoperative and Post-operative Assessment )
(ဂ) တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းခြင်း (Responsibility and Accountability) တို့ကို တွေ့ရှိရပါသည်။
သို့ပါ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ကု ဆရာဝန်ကြီးအား ဆေးကုသခွင့်လိုင်စင် (၅) နှစ် ရပ်စဲရန် (De-licensing) ဆုံးဖြတ်သည်။

(၂) ယင်းဖြစ်စဉ်တွင် ပူးတွဲ တာဝန်ရှိခဲ့သော
(က) မေ့ဆေးဆရာဝန်
(ခ) ပထမ လက်ထောက်ခွဲ စိတ်ဆရာဝန်
(ဂ) သမားတော်ကြီး
တို့အားလည်း ပြင်းထန်စွာ သတိပေးရန် ဆုံးဖြတ်သည်။

(၃) ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် အထူးကု ဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသော စံနစ်နှင့် လုပ်ကိုင်ချက်များ အားနည်းနေသည်ကို တွေ့ရှိရသည်။
သို့ပါ၍ အဆိုပါ အထူးကုဆေးခန်းအား နောက်နောင် အလားတူကိစ္စများ မဖြစ်ပေါ်စေရန် –
(က) ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်သည်။
(ခ) လုံခြုံ စိတ်ချရ၍ အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု စံနစ် (Safe and competent health care system) ကို စီစဉ် ဆောင်ရွက်ထားရေး အတွက် သတိပေး ဆုံးဖြတ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts