>Zay Hmine – Dun’s Theory Poem


>

ဒွန်းသီအိုရီ နဲ့ ဖတ်စာတချို့
ဇေမှိုင်း
ဒီဖင်ဘာ ၁၊ ၂၀၀၉
ကိုယ်လုံးမြုပ် ရေထဲရောက်နေတာတောင်
အမှောင်လို့ မခေါ်ချင်ကြသေးရင်
နှစ်ချက်ပဲရှိတယ်
အတ္တ နဲ့ ပရ
ဘဝကြီး ကို ကြိတ်စက်ထဲထိုးထည့်
အရည်မရ
အဖတ်ပဲ ကျန်တဲ့ အခါကျမှ
ဒါ ငါ့ကွလို့ … အော် အော်နေတဲ့ကောင်တွေ များ
ဒီမှာ ဘဝခြားသွားပြီ
သူတို့ အယူတိမ်းလို့
နတ်စိမ်း ဖြစ်နေပါပြီကွာ …  လို့
ပြောဖို့ လိုသေးသလား? ။
ရိုးရိုးသားသား ပြောမယ်
ငါနဲ့ အတ္တသတ္တဝါတွေ
ရိုးသားခဲ့ကြတယ် ပြောတိုင်း
ငါကတော့
ငါ့ကိုယ်ငါ မယုံဘူး။
အကျိုးစီးပွါးက အရေးကြီးတယ် တဲ့
ဘယ်သူ့ အကျိုးစီးပွါးလဲ?
ကဲ … ငါမေးပြီ
ဖြေ …
ရွာက ဘကြီးဒွန်းက ပြောခဲ့တယ်
ငါ့ခြံ ငါချစ်တယ်
ငါ့ သရက်ခိုးတဲ့ကောင်
သူခိုး
ငါ့ ပုဆိုး ငါ မဝတ်နိုင်တော့ရင်တော့
လှူလိုက်မှာပေါ့တဲ့…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts