>Burma detains over 120 Indonesian, Taiwanese fishermen


>

ပြည်ပမှ ငါးဖမ်းလုပ်သား ၁၂ဝ ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ
မိုးမခ အထောက်တော် အမှတ် ၀၀၄
နိုဝင်ဘာ ၂၃၊ ၂ဝဝ၉

မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသည်ဟု ယူဆရသည့် ငါးဖမ်းလုပ်သား ၁၂ဝ ကျော်ကို မြန်မာ့ တပ်မတော်(ရေ)က ထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း AFP သတင်းဌာနက ဆိုသည်။
ဖမ်းထားသည့် နိုင်ငံခြား လှေ ၁ဝ စီးခန့် ရှိမည်ဟု ဆိုသည်။ ယခုအချိန်တွင် ၄ စီးသည် ထိုင်ဝမ်မှ ဖြစ်သည်ဟု ဆိုသည်။
“ထိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ ၄ စီး ပြီးခဲ့တဲ့အပတ်ကတည်းက ရန်ကုန်မှာ အဖမ်းခံထားရတယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်” ဟု ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူး Tsay Tzu-yaw က AFP သတင်းဌာနကို ပြောသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။

သင်္ဘော မာလိန်မှူးများ အပါအဝင် အနည်းငယ်သော ငါးဖမ်းလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံသားများ ဖြစ်သည်။ ကျန် လုပ်သား အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတို့မှ ဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် China Times သတင်းစာတွင် ရေးထားသည်။ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုလှေ ၄ စီးသည် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ရေဒီယို အဆက်အသွယ်များ မပြတ်တောက်မီ သတင်းပို့ချက်များအရ လှေများကို မြန်မာ့တပ်မတော် (ရေ) က လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။

China Times သတင်းစာတွင် ဖော်ပြထားချက်အရ ထိုလှေများသည် ခွင့်ပြုချက် မရဘဲ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်သွားသည်ဟု ဆိုသည်။

ငါးဖမ်းလုပ်သားများ မည်သည့်တွက်ကြောင့် ထိန်းသိမ်းခံရသည်ကို သိရပါက ၎င်းတို့ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ထိုင်ဝမ်အစိုးရက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts