>Daung Ni – Wish & Reality


>

 ဆန္ဒနှင့် ဖြစ်တည်မှု

ဒေါင်းနီ
နိုဝင်ဘာ ၁၉၊ ၂၀၀၉

သမိုင်း
ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ
အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ
ဘဝက တခါသာ ကခွင့်ပေးပေမယ့်
မျက်ရည်မခန်း လွမ်းခဲ့နှစ်တာရှည်ခဲ့။
ပြကွက်
အတ္တပြည့်လျှံ မိစ္ဆာလမ်းမရိုင်းတွေ
ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး
ဓားသွားထက်ပျားရည် ခိုးလုလျှက်လျှာများ
စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ။
နမိတ်
ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ
ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ
သံလွင် ဒေါနရင်ငွေ့နဲ့ ရှင်ပြန်တောက်ခေါက်
ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ။
မှတ်တမ်း
ရဲဘော်တို့ရဲ့ ကျေးဇူးတော်နေ
တမြေ့မြေ့ ကြေကွဲစွာလာခဲ့
နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း
စို့နင့်ကြိတ်ရှိုက် ပုံရိပ်တွေတွဲအိပြိုလာ
သစ္စာဆို အလေးပြု အမျှဝေရင်းကြွေ။
မှတ်ချက်
သောကဒဏ်ရာစုံနဲ့ လက်ကျန် အာခံငှက်များ
မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်
မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်းတောင်း
နှောင်ကြိုးမဲ့ စွန့်လွတ်ခြင်းတွေ လင်းလက်နေ။ 

နိုဝင်ဘာ ၁၅၊ ၂၀၀၉  
က တပ်ရင်း ၂၁ဝ၂၁၄ (စောထစခန်း) မှ စွန့်လွှတ်အနစ်နာခံ ကျဆုံးသွားသော သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော အာဇာနည်ရဲဘော်အပေါင်းတို့အား ရည်စူးပါ၏၊
သရုပ်ဖော်ကာတွန်းစောငို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts