>LA Burmese Literary Talk to go on without Maung Swan Yi

>

မောင်စွမ်းရည် ကျန်းမာရေးကြောင့် အယ်လ်အေမြန်မာများရဲ့ အမျိုးသားနေ့စာပေဟောပြောပွဲ မတက်ရောက်နိုင်
မိုးမခ ရွာဆော်ကြီး
နိုဝင်ဘာ ၁၉၊ ၂၀၀၉
          လာမည် နိုဝင်ဘာ ၂၂ တနင်္ဂနွေနေ့ နေ့ခင်း ၂ နာရီမှ ၆ နာရီအထိ ကျင်းပမည့် အယ်အေရောက် မြန်မာမိသားစုများ၏ ၈၉ ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြု စာပေဟောပြောပွဲသို့ လာရောက် ဟောပြောမည့် ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီး မောင်စွမ်းရည်သည် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန် အခြေအနေကြောင့် တက်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ကြားသိရပါသည်။
ဆရာ မောင်စွမ်းရည်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်စရာ မလိုကြောင်း၊ ဆရာဝန်နှင့် ဆေးရုံများ၏ ညွှန်ကြားချက်များအရ တွေ့ဆုံစစ်ဆေးမှုများ ရယူရန် စောင့်ဆိုင်းရမည် အချိန်ဇယားများကြောင့် စာပေဟောပြောပွဲသို့ သွားရောက်ရမည့် အစီအစဉ်ကို ၀မ်းနည်းစွာဖြင့် ရုတ်သိမ်းလိုက်ရသည် ဖြစ်ကြောင်း သိရှိရသည်။
သို့ရာတွင် ပွဲစီစဉ်ထားသည့်အတိုင်း ဂီတပညာရှင်ကြီး (ဒေါ်) မာမာအေး၊ ကဗျာဆရာ အောင်ဝေး နှင့် စာရေးဆရာမ မေငြိမ်း တို့ဖြင့် အမျိုးသားနေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို ကျင်းပကြမည် ဖြစ်သည်။
ပွဲကြော်ငြာကို ဒီနေရာမှာ သွားကြည့်နိုင်သည်။ အယ်လ်မြို့ မြန်မာများ၏ဂုဏ်ဆောင် အယ်လ်အေသြဂနိုက်ဇာဖော်ဘားမား အဖွဲ့နှင့် ရတနာပုံနေပြည်တော်သတင်းစာ (မန္တလေးဂေဇက်) တို့က ကမကထလုပ်ကြပြီး ၀င်ကြေး “အခမဲ့” ဖြစ်သည့်အပြင် လဘက်ရည်နှင့် မုန့်များဖြင့်လည်း ဧည့်ခံမည် ဆိုသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခစာနယ်ဇင်းဝိုင်းတော်သားများကလည်း သွားရောက် အားပေးကြမည် ဖြစ်သည်။ (ဒါက ကြော်ငြာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts