>Ko Thet – Shan New Year Festval in LA

>

အယ်လ်အေက ရှမ်းနှစ်သစ်ကူးပွဲ မြင်ကွင်း

ကိုသက်
နိုဝင်ဘာ ၁၆၊ ၂၀၀၉
     ကျနော် ဒီနေ့ (နိုဝင်ဘာ ၁၄၊ ၂၀၀၉) ရှမ်းနှစ်သစ်ကူးပွဲကို ရောက်ခဲ့တယ်။ လူတွေ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ ရိုးရာပွဲလေးပင် ဖြစ်ပါတယ်။ ပွဲကို ညနေ (၄) နာရီမှာ စတင်ကျင်းပပြီး ည (၉) နာရီမှာ အောင်မြင် စွာ ပြီးဆုံးသွားပါတယ်။ ပွဲကျင်းပတဲ့နေရာက လောစ်အိန်ဂျလိစ် Monterey Park မြို့ရှိ Garvey လမ်းမပေါ်က ခန်းမမှာ ကျင်းပပြုလုပ်ကြပါတယ်။
     ခန်းမထဲ ၀င်သွားတာနဲ့ ရှမ်းအိုးစည်သံကို စတင်ကြားရနေရပါတယ်။ ရှမ်းနှစ်သစ်ကူးပွဲတော်ကို စတင်ဖွင့် လှစ်လိုက်တာကလဲ ရှမ်းအိုးစည်နဲ့ပါပဲ။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ရောက်သွားသလို စိတ်ထဲမှာ ခံစားလိုက်ရတယ်။ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေး အများစုက ရှမ်းဝတ်စုံ၊ ရှမ်းခေါင်းပေါင်းစ တလူလူနဲ့ ဆင် တူ ၀တ်ဆင်ထားကြတယ်။ မိန်းကလေးတွေ ခေါင်းမှာလဲ နှစ်စထောင် ရှမ်းခေါင်းစည်းနဲ့ ကျက်သရေရှိလှတယ်။

     ရှမ်းနှစ်သစ်ကူးပွဲရဲ့ အဖွင့်အမှာစကားကို ကာလီဖိုးနီးယား ရှမ်းအသင်းဥက္ကဋ္ဌက ပြောကြားပေးပါတယ်။ နှစ် သစ်ကူးပွဲတော်ရဲ့ အစီအစဉ်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူကြီးသူမတွေကို စင်ပေါ်အမြင့်မှာ ထိုင် စေလျှက် ကလေးများ၊ ကျန်လူကြီးလူငယ်များက ကြမ်းပြင်မှာ ထိုင်လိုက်ကြပြီး ကန်တော့ကြပါတယ်။ မင်္ဂလာအ ရှိဆုံးအချိန်ဖြစ်ပြီး မင်္ဂလာရှိသောလုပ်ရပ် မြင်ကွင်းများပင်ဖြစ်ပါတယ်။

    တဆက်တည်းမှာပဲ ကလေးငယ်များက ကန်တော့ခံ လူကြီး မိဘ ဘိုးဘွားများကို လက်ဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းပါတယ်။ ဘိုးဘွားတို့ကလဲ သားသမီးမြေးမြစ်များကို ဆုပေးပါတယ်။ အနောက်နိုင်ငံသားတွေရဲ့ မျက်လုံးထဲ မှာ မမြင်ဖူးတဲ့ မြင်ကွင်းဆန်းတခုဖြစ်နေမှာပါ။ အသက် သိက္ခာ ဂုဏ်ဝါကြီးမားတဲ့ ကျေးဇူးရှင် မိဘဘိုးဖွားများကို တန်ဖိုးထား လေးစားကြည်ညို ကန်တော့ကြတဲ့ ကျနော်တို့ယဉ်ကျေးမှုဟာ လေးစားဂုဏ်ယူစရာပါ။

     ဒုတိယအစီအစဉ်အနေနဲ့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်ကို ရှမ်းရိုးရာ အစားအစာများနဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးပါတယ်။ တေးဂီတနဲ့ ဖျော်ဖြေခြင်း၊ ရုပ်ရှင်ပြသခြင်း စတဲ့အစီအစဉ်တွေကို တင်ဆက်ပေးပါတယ်။ ကြွ ရောက်လာတဲ့ ဧည့်ပရိသတ်ဟာ ငြီးငွေ့ဖို့ပင် အချိန်မရပါဘူး။ စေတနာ့ဝန်ထမ်း ကူညီသူတွေကလည်း တက်ညီ လက်ညီ ကူညီဆောင်ရွက်ပေးကြသလို ပွဲတော်မှာ ကိုယ်တိုင်လဲ ပါဝင်ဆင်နွှဲကြပါတယ်။

     တတိယအစီအစဉ်မှာ ဒီပွဲတော်အတွက်၊ ရှမ်းအသင်းအတွက် အလှူငွေ ပေးလှူကြတယ်။ အလှူရှင် မိသားစု တိုင်းကို ကျေးဇူးတုံ့ဆပ် အသိအမှတ်ပြုသောအားဖြင့် ရှမ်းသီချင်း (သို့မဟုတ်) မြန်မာသီချင်း တပုဒ်ကို သီဆိုပေး ပါတယ်။ အလှူရှင်လည်း ၀မ်းသာ၊ ကြွရောက်လာတဲ့ ဧည့်ပရိသတ်လည်း နားထောင်ရဆိုတော့ အားလုံးအတွက် ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးပွဲလေးပါ။ သီချင်းနဲ့ တုံ့ပြန်တော့လဲ အဆိုအတီး သက်သက်မျှ မဟုတ်ပါဘူး။ လှ ပတဲ့ ရှမ်းရိုးရာ အကပဒေသာ မျိုးစုံလဲ တွဲလျှက်ပါ ပါတယ်။

      ကျင်းပရခြင်း ရည်ရွယ်ချက်က ကိုယ့်မျိုးဆက်သစ်တွေ ကိုယ့်ယဉ်ကျေးမှုနဲ့ မဝေးအောင် ဖြစ်ပါတယ်။ ဒါ့အ ပြင် မြန်မာနိုင်ငံသားအချင်းချင်း လိုအပ်လာပါက တတ်နိုင်တဲ့ဖက်က အကူအညီပေးရေး လုပ်ငန်းတွေကို ထိထိ ရောက်ရောက် ဆောင်ရွက်လုပ်ဆောင်နိုင်ဖို့လဲ ရည်ရွယ်ပါတယ်။ လက်ရှိအနေအထားမှာလဲ သူတို့တတ်နိုင်တဲ့ တာဝန်ကို ယူပြီး ကူညီရေးကိစ္စတွေကို ဆောင်ရွက်နေတာဖြစ်လို့ လေးစားစရာကောင်းတဲ့ ရှမ်းအသင်းပင်ဖြစ်ပါ တယ်။ အတ္တနည်းသူတို့ လမ်းစဉ်ဟာ ကိုယ်ကျိုးထက် အများကောင်းကျိုးကို ရှေးရှုနေတတ်ပါတယ်။

     ရှမ်းအသင်းပေါ်ပေါက်လာလို့ ရှမ်းအမျိုးသား အမျိုးသမီးတွေ ကိုယ့်အချင်းချင်း စုစည်း စည်းရုံးနိုင်တယ်။ သာ ရေးနာရေးကိစ္စတွေ အပြန်အလှန် ကူညီဆောင်ရွက်ပေးနိုင်တယ်။ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ နှစ်သစ်ကူးလို ပွဲမျိုး တွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်တယ်။ ကျန်တဲ့မြန်မာတိုင်းရင်းသားတွေလဲ အခုလိုရိုးရာနှစ်သစ်ကူးပွဲလေး တွေကို ကိုယ်ရောက်နေတဲ့ တိုင်းပြည်မှာ ကျင်းပပြုလုပ်နိုင်မယ်ဆိုရင် အလွန်ကောင်းမွန်အကျိုးရှိမှာဖြစ်ပါတယ်။
     နှစ်သစ်ကူးပွဲတော် ပြီးတဲ့ ည (၉) နာရီမှာ ကျနော်အပါအ၀င် ဧည့်ပရိသတ်များက ပွဲတော်ကျင်းပကြတဲ့ ရှမ်း ညီအစ်ကို မောင်နှမတွေကို နှုတ်ဆက်ကာ ပြန်ခဲ့ကြတယ်။ ပျော်ရွှင်စရာ ပီတိတွေက အပြန်လမ်းအထိ မကုန် တတ်သေးလို့မို့ သူတို့ပုံရိပ်တွေ စိတ်မှာ ထင်နေဆဲပါ။ နောင်နှစ်တွေမှာလဲ အခုလို ဆက်လက်ကျင်းပပြုလုပ်နိုင်ပါ စေကြောင်း ကျနော် ဆုတောင်းပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts