>A Joke Too Far – A Stand Up Comedy for Charity

>

Robin, Htein, Nita, Josie and Marcel by Loulou Lorton.
လက်လွန်သွားတဲ့ ပြက်လုံး  – ဇာဂနာနဲ့ မြန်မာပြည်အတွက် လန်ဒန်မှာ ပြက်ကြ

မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၅၊ ၂၀၀၉
လွန်ခဲ့တဲ့ ကြာသာပတေး၊ နိုဝင်ဘာ ၁၂ ညနေ ၇ နာရီက လန်ဒန်က Old Queen’s Head ခန်းမမှာ အင်္ဂလန်က ကမ္ဘာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ရန်ပုံငွေပွဲတခုကို မြန်မာပြည်က အကျဉ်းခံနေရတဲ့ လူရွှင်တော် (ကို) ဇာဂနာကို ရည်စူးပြီးတော့ သူတို့ဆီက လူရွှင်တော် ၅ ဦးက ပြက်လုံးတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ သူတို့ပွဲနံမယ်က A Joke Too Far – မြန်မာလိုဆိုရရင် လက်လွန်သွားတဲ့ ပြက်လုံးလို့ ခေါ်ရမယ် ထင်ပါတယ်။ မြန်မာပြည်မြေပုံကို မြန်မာပြည်ရဲ့ အကျဉ်းစံ အတိုက်အခံများ၊ အမျိုးသားရေးလှုပ်ရှားသူများ ရုပ်ပုံတွေနဲ့ ဖော်ထားတာ နောက်ခံနဲ့ ကိုဇာဂနာဓာတ်ပုံကို စင်ပေါ်မှာ ချိတ်ထားတာ တွေ့ရပါတယ်။ ကိုဇာဂနာရဲ့ မိတ်ဆွေ ပန်းချီ ထိန်လင်းကို ပွဲမှာ တွေ့ရပါတယ်။ ဓာတ်ပုံတွေကို Flicker လင့်မှာ သွားကြည့်ကြပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts