>Zay Hmine – The Show

>

ဇာတ်ပွဲ
ဇေမှိုင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ငယ်ကတည်းက
ဇာတ်ပွဲကြိုက်တယ်
နောက်ပိုင်းဇာတ်နဲ့ ငိုချင်းဆို
မျက်လုံးပို ကျယ်တယ်
နှစ်ပါး အထွက်မှာ
လူပျက်ကို အကြိုက်ဆုံး … ။
 ‘ရိုးပြတ်ကြားမှ တက်ခေါက်သံ  
ဗမာလာသော လမ်း’
အဲဒါ ဘဒွေး ရဲ့ လမ်း … လွမ်းတယ်၊၊
ပေါင်ချိန်မဟုတ် တဲ့
ပြည်သူ့တရားရှင်ကို လွမ်းတယ်
မြို့တော်ဘယ်မလဲ ?
ဓါးတောင် နဲ့ သံချောင်းကို လွမ်းတယ်၊၊
မှတ်မှတ်ရရ
လွမ်းရတာတွေကြားမှာ
အမေ့အိမ် လွမ်းလို့  လှမ်းကြည့်တော့
ပုဏ္ဏားရိုက်ခန်းက အကြီးကြီး။
ဒါပေမယ့် … ခုထိ
ဝန်နှစ်ပါး ပြည်တည်တုန်း ရှိသေး
လွမ်းရသမျှ ပြောပါတယ် … ။    

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts